Wednesday 27 February 2013

နှင်းဆီနက်မင်းသားလေး ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။

ရိုးသားသူ
နစ်ခ်တစ်ယောက် မျက်ကွင်း နှစ်ဖက်စလုံးညိုပြီး ဖူးရောင်နေတဲ့ ပုံနဲ့ အိမ်ပြန်လာတော့ မိန်းမဖြစ်သူက ဘာဖြစ်လာရတာလဲလို့ မေးပါတယ်။ နစ်ခ်က မျက်နှာမသာမယာနဲ့
"ဓာတ်လှေကားထဲမှာကွာ၊ အမျိုးသမီး တစ်ယောက်ရဲ့ စကတ်နောက်ဇစ်က ဟနေတယ်။
ငါလည်း အမြင်မတော်တာနဲ့ ဆွဲတင်ပေးလိုက်တာကို အဲဒီအမျိုးသမီးက ငါ့ဘယ်ဘက် မျက်လုံးကို လက်သီးနဲ့ ထိုးတယ်လေ"လို့ ဆိုပါတယ်။
ဒါနဲ့ သူ့မိန်းမက "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ နောက် တစ်ဖက်က ဘယ်လိုဖြစ်ရတာတုံး.."လို့ မေးတော့
နစ်ခ်ပြန်ဖြေတာက "သူက အရင်ပုံစံကိုပဲ ကြိုက်တယ်ထင်လို့ ဇစ်ပြန်ဆွဲချပေးလိုက် တယ်လေ"တဲ့။
လိုက်နာရမယ်လေ့
ဒီနေ့ ဂျွန်နီကလေး ကျောင်းကို တော်တော်လေးနောက်ကျမှ ရောက်လာပါတယ်။ စာသင်ခန်းဝကနေ ဆရာမက
"ဂျွန်နီ့မင်းဘာဖြစ်လို့ ကျောင်း နောက်ကျရတာလဲ" လို့ ဆီးကြိုမေးတော့ စိတ်မသက်မသာနဲ့
"သတိပေး ဆိုင်းဘုတ်ကြောင့်ပေါ့ ဆရာမ ရယ်"လို့ ဖြေပါတယ်။ သူ့အဖြေကို အံ့ဩသွားတဲ့ ဆရာမက
"ဟေ့ဘာဆိုင်းဘုတ်များလဲကွယ့်"လို့ ထပ်မေးတာကို ဂျွန်နီထပ်ဖြေတာက "
ဟိုဆိုင်းဘုတ်လေဆရာမရဲ့။ ကျောင်းရှိသည် ဖြည်းဖြည်း တဲ့"။
ညာတယ်လေ..
ပီတာက အရမ်းကို ဒေါသတကြီး ဖြစ်နေပါတယ်။ ဒါနဲ့ သူ့သူငယ်ချင်းက ဘာဖြစ်တာလဲလို့ မေးတော့
"ငါ့မိန်းမကွာ .. ငါ့ကို ညာတယ်"တဲ့။
သူငယ်ချင်းဖြစ်သူက ပီတာ့ကို သနားသလိုကြည့်ရင်း "ဘယ်လိုဖြစ်ရတာလဲကွာ" လို့ မေးပါတယ်။
ပီတာက အခဲမကျေနိုင်တဲ့လေသံနဲ့ "မနေ့က သူအိမ်ပြန်မလာလို့ ငါဖုန်းခေါ်တော့ သူ့သူငယ်ချင်း မေရီ့အိမ်မှာ အိပ်တယ်တဲ့လေ..။
သူလိမ်တာ။ ငါ အဲဒီတစ်ညလုံး မေရီနဲ့အတူရှိနေတယ်"
မှားတောင်မှားသေး
ခရီးသည်အပြည့် ကြပ်ညပ်နေတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ခရီးသည်တစ်ယောက်က သူ့ကို ခါးပိုက်နှိုက်နေတဲ့ လူကို ဖမ်းမိလိုက်ပါတယ်။
“ဟေ့ကောင် မင်းငါ့အိပ်ကပ်ထဲ ခါးပိုက်နှိုက်တာ အရှက်မရှိဘူးလားကွ”
“အံမာ၊ ခင်ဗျားကသာ ရှက်စရာကောင်းတာ၊ အိပ်ကပ်ထဲ တစ်ပြားမှ မရှိဘဲနဲ့များ”
အဖြေ
မူလတန်းကျောင်း တစ်ကျောင်း၌ တပည့်များအား အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတွင် ကြံစိုက်ပျိုးပြီး သကြားထုတ်လုပ်ထွက်ရှိကြောင်း ဆရာမက သင်ကြားထားသည်။ နောက်တစ်နေ့၌ တပည့်များအား ဆရာမက အောက်ပါအတိုင်း စာပြန်မေးလေသည်။
ဆရာမ။ ။ မနေ့က သင်လိုက်တာတွေ မှတ်မိကြလား
တပည့်များ။ ။ မှတ်မိပါတယ် ဆရာမ။
ဆရာမ။ ။ ဒါဆိုရင် စမစ် မတ်တပ်ရပ်ပါ။
စမစ်။ ။ ဟုတ်ကဲ့။ ဆရာမ။ ။ မနေ့က ဘာသင်လိုက်လဲ။
စမစ်။ ။ ရုတ်တရက် မဖြေနိုင်ဘဲ စဉ်းစားနေသည်။
ဆရာမ။ ။ ကဲ… စဉ်းစားလို့ရအောင် ပြောပြမယ်။
စမစ်။ ။ ဟုတ်ကဲ့
ဆရာမ။ ။ မင်း အိမ်မှာ ကော်ဖီဖျော်ရင် ဘာထည့်ရလဲ..
စမစ်။ ။ သကြားနဲ့ နို့ဆီထည့်ရပါတယ်။
ဆရာမ။ ။ ဒါဆို သကြားက ဘယ်နေရာက ရသလဲ… စဉ်းစားလိုက်ပေါ့။
စမစ်။ ။ ဘေးအိမ်က သွားတောင်းလိုက်တာပါ။
ဆရာမ။ ။ ဟေ
ကျန်းမာရေး
လူကုံထံ ရပ်ကွက်တစ်ခုအတွင်း စိတ်အေးလက်အေး လမ်းလျှောက်နေသော လူတစ်ဦးအနီးသို့ အမျိုးသားတစ်ဦး ရောက်လာပြီး အောက်ပါအတိုင်း မေးလေသည်။
အမျိုးသား ။ ။ မိတ်ဆွေ … လမ်းလျှောက်နေတာလား။
လမ်းလျှောက်သူ ။ ။ ကျန်းမာရေးအတွက်ပေါ့။
အမျိုးသား ။ ။ ငွေကြေး ချမ်းသာပေမယ့် ကျန်းမာရေး ကောင်းဖို့လည်း လိုတယ်။
လမ်းလျှောက်သူ ။ ။ မှန်တာပေါ့… ကျွန်တော်ငွေကြေးချမ်းသာပေမယ့် ကျန်းမာရေး မကောင်းလို့ အခု လမ်းလျှောက်နေတာ။
အမျိုးသား ။ ။ ဒါထက် … ဒီနားမှာ ရဲတပ်ဖွဲ့ဝင်တွေ တွေ့မိလား…။
လမ်းလျှောက်သူ ။ ။ မတွေ့မိဘူးဗျ … ဘာဖြစ်လို့လဲ ….။
အမျိုးသား ။ ။ အတော်ပဲ… ခင်ဗျားမှာ ရှိတာ အကုန်ပေးစမ်း…။
လမ်းလျှောက်သူ ။ ။ “ဗျာ”
မင်းလိုပဲလေ
မောင်ချစ်။ ငါသေသွားခဲ့ရင် မင်းနောက်အိမ်ထောင်ပြုမှာလား
ဇနီးဖြစ်သူ။ ဟင့်အင်း…. ကျွန်မ ညီမနဲ့ပဲနေမှာ။ ဒါနဲ့ရှင်ရော။ ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား။
မောင်ချစ်။ ဟင့်အင်း….ငါလည်း မင်းလိုပဲ…. မင်းညီမနဲ့ပဲ နေမှာပေါ့။
ဒီနေ့ ကက်ပတိန် အရက်မမူးပါ
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကပ္ပတိန် ၂ ယောက်သာ ရှိသည်။ ၂ ယောက်တည်း ရှိသောကြောင့် သင်္ဘောသား၏ တစ်နေ့တာ ဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့် တာဝန်ယူရသည်။ ကပ္ပတိန်အလှည့်တွင် သင်္ဘောသား အရက်မူးသောကြောင့် ‘ယနေ့ သင်္ဘောသား အရက်မူးသည်’ ဟုရေးလိုက်သည်။ သင်္ဘေသား အရက်မူးပြေသောအခါ ‘ကျွန်တော် အရက်တစ်ခါပဲ သောက်မိတဲ့အတွက် အရက်သမား အဖြစ်မခံနိုင်ပါ။ အဲဒီ မှတ်ချက်ကို ပြန်ဖျက်ပေးပါ’ ဟုပြောသောအခါ ကပ္ပတိန်က ‘အမှန်ကို အမှန်အတိုင်း ရေးတာကွ’ ဟုဆိုကာ ဖျက်မပေးဘဲ နေသည်။ သင်္ဘောသား စိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသား အလှည့်ကျသောအခါ အမှန်အတိုင်း ဤသို့ရေးလိုက်သည်။ “ယနေ့ ကပ္ပတိန် အရက်မမူးပါ”
တော်လွန်းလို့
မင်းအမျိုးသားက အရင်က စာဖိုမှူးဆို။
အင်း
ဟင်းတွေ အမျိုးမျိုး ချက်တတ်မှာပေါ့။
ချက်တတ်တာပေါ့ကွာ။ မီးဖိုချောင် သူပဲ ဝင်တာ။ ချက်တာကလည်း မြန်မှမြန်။
တစ်နေ့နဲ့ တစ်နေ့ အရသာချင်း မတူအောင် အမျိုးမျိုးချက်တာ။
ပြောစမ်းပါဦး။ ဘာဟင်းတွေ ချက်တာလဲ။
ကန်စွန်းရွက်ချည်းပဲ အမျိုးမျိုးချက်နေတာ ၃ လ ရှိပြီ။
အဖြစ်မှန်
မင်းက မိန်းမရှာကျွေးတာ စားနေတာဆို။
ဟာ မဟုတ်တာ သူကငွေပဲရှာတာ ပါကွာ။
ငါ့ဟာငါ ချက်စားတာပါ။
သူတောင် ငါကျွေးတာ စားနေရတာပါ။.....
 http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3143545မြန်မာချစ်သူဆိုက်မှ

No comments:

Post a Comment