Thursday 28 February 2013

သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း

ဒါကတော့ PDF Files များဖန်တီး ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊ တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့ အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင် မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။ ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့ ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး  မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့ Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး.. လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။
မိမိတို့ ပြုလုပ်မယ့် စာတွေ ပုံတွေကို copy / paste နဲ့ ထည့်ပါ..။ မြန်မာစာပေါ်အောင် ရောက်လာတဲ့ စာလုံး တွေကို Select ပေး(အောက်ပုံအတိုင်း)ပြီ.. Font နေရာမှာ Zawgyi-one ပြောင်းပေးလိုက်ပါ..

အပေါ်ပုံမှာ မြန်မာစာပေါ်လာပါပြီ..။ အောက်ပုံကတော့ မိမိတို့ ထည့်ချင်တဲ့ပုံတွေကို copy image သို့မဟုတ် copy ကူပြီး paste နဲ့ ထည့်ပါ..။ တကယ်လို့ ပုံရောစာရော အားလုံးကို တခါတည်း စလက် ပေးပြီး copy ကူးထည့်ရင် တခါတလေမှာ ထည့်လို့ ရပေမယ့်.. တခါတရံမှာတော့ Error တက်တတ်ပါတယ်..။ ဒါကြောင့် စာသပ်သပ်၊ ပုံသပ်သပ် လုပ်ပြထားတာပါ..။ ဒီနေရာမှာတော့ မိမိတို့ အဆင်ပြေသလိုသာ လုပ်ကြပါ..။

အပေါ်အဆင့်ပြီးရင်တော့ အောက်ကအဆင့်မှာ စာမျက်နှာတပ်ပေးထားတာပါ..။ မိမိတို့ လုပ်တဲ့ PDF ဖိုင်ဟာ စာမျက်နှာရှိသလောက်ကို ဒီအဆင့်မှာ လုပ်ပေးလိုက်တာနဲ့ သူ့အလိုလို နံပါတ်စဉ်တိုင်း တပ်သွားပေးပါလိမ့်မယ်..။ ပိုပြီးသပ်ရပ်သွားတာပေါ့ဗျာ..

နောက်တဆင့်ကတော့ မိမိတို့ ကူးထည့်လိုက်တဲ့ စာတွေပုံတွေရဲ့အောက်မှာ ရေစာရေးရေးထင်အောင် လုပ်တာပါ..။ ဒီနေရာမှာ မိမိတို့ ရေးချင်တဲ့ စာသား နာမည် တခုခုကို ရေးနိုင်ပါတယ်..။ အဲလိုရေးဖို့ အတွက် အောက်ကပုံအတိုင်း နံပါတ် 6 နေရာကိုကလစ်ပေးပါ..

ပြီးရင်တော့ အောက်ကဘောက်စ်လေး ထွက်လာပါလိမ့်မယ်.. အဲထဲမှာ နဲနဲပြောင်းပေးရပါမယ်..။ ABC အတိုင်း လိုက်ပြောင်းပေးပါ..။ Zawgyi-one ကိုပြောင်းပေမယ့်.. စာရေးရင်တော့ လေးထောင့်ကွက် လေးတွေပဲ မြင်ရမှာပါ.. D နေရာမှာတော့ ရေစာပေါ်မယ့် အရောင်ကို ရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့ အနီရောင်ကို ရွေးလိုက်ပါတယ်..

Apply, ok ပေးပြီးရင်တော့ အောက်ကပုံအတိုင်း စာလုံးတွေရဲ့အောက်မှာ ရေစာ ပေါ်လာပါပြီ..။ ဒီနေရာမှာ တခုတောင်းဆိုချင်တာက မိမိတို့ လုပ်တဲ့ PDF ဖိုင်တွေကို မိမိတို့ ကြိုက်တဲ့နာမည် ပေးလို့ရပါတယ်.. ဒါပေမယ့် ပိုစ့်ရေးသားသူ(Posted by;........) နေရာမှာတော့ အဲဒီပိုစ့်ကို ရေးတဲ့လူရဲ့ နာမည်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်...။ ဘာလို့လဲဆိုတော့ ပိုစ့်တခုဖြစ်ဖို့ အတွက် အချိန်တွေအများကြီး ပေးရပါတယ်.. အဲဒီပိုစ့်ရေးသားသူရဲ့ ပညာ၊ စေတနာ တွေကို လေးစားတဲ့အနေနဲ့ Posted by; နေရာမှာ အဲဒီပိုစ့်ရေးသူရဲ့ နာမည်ကို ထည့်ရေးပေးပါလို့ ထပ်ဆင့် တောင်းဆိုပါရစေဗျာ..

အောက်ကပုံကတော့ PDF ဖိုင်လုပ်ပါပြီ..။ File ကနေစပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..

အောက်ပုံ A နေရာမှာတော့ မိမိတို့ သိမ်းတဲ့ဖိုင်ကို နာမည်ပေးလိုက်ပါ.. ပြီးရင်တော့ Save ကိုဆက်နှိပ်ပါ..

အပေါ်ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ရှာရလွယ်အောင် Desktop နဲ့ Save ကိုနှိပ်ပေးလိုက်ယုံပါပဲ.. ခဏစောင့်ပေးပါ..။ အောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..

အပေါ်ပုံလေးပျောက်သွားရင်တော့ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးဟာ Desktop မှာပေါ်လာပါပြီ.. Desktop မှာ အောက်ပုံအတိုင်း မြင်နေရပါပြီ..

Desktop မှာပေါ်လာတဲ့ PDF ဖိုင်လေးကို ၂ချက်တောက် ဖွင့်လိုက်ရင်တော့ မိမိတို့ စက်ထဲမှာရှိတဲ့ PDF Reader လေးနဲ့ ပွင့်လာပါလိမ့်မယ်.. ကျနော်စက်မှာ Foxit Reader ကို Install ဆွဲထည့်ထားတာ ဖြစ်တဲ့အတွက် ဒီကောင်လေးနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
မူရင်း ... လွင်မင်းဗိုလ်မှ 

>>>ဆက်ဖတ်ရန်>>> >>

Wednesday 27 February 2013

သည်နေ့ တင်မယ့်အကြောင်းရာလေးကေတာ့ ဘလော့ကာသမားများအတွက် အလှဆင်နိုင်မယ့်
မရှိမဖြစ် လိုအပ်သော နာရီ... အချိန်နာရီ  အတွက်ပါ.. နာရီ အလန်းစားတွေကို အရင်ကလဲ တင်ဘူးပါတယ်... သည်ဆစ်ခါက ပိုပြီး စိတ်တိုင်းကြ ရှာဖွေ နိုင်တဲ့ ဆိုဒ်လေးတစ်ခု ဆီကို ခေါ်ဆောင်သွားမယ်နော်...
လိုခြင်သူများကတော့ ဒီမှာ သွားလိုက်ကြပါနော်....

မိမိတို့ လိုခြင်တဲ့ နာရီ ဒီဇိုင်းကို ရှာလိုက်ပါ page 1-2-3-4-5-6---- စသဖြင့် အများကြီး
စာမျက်နှာတွေ ရှိပါတယ်.. စိတ်ကြိုက် ရှာပါ တွေ့ပြီဆိုတာနဲ့ HTML CODE  ဆိုတာကိုကလစ်လိုက်ပါ။
သူ့ရဲ့ ကုဒ်တွေ အော်တိုကျလာမယ်.. ကော်ပီယူပြီး မိမိဘလော့ကို ထည့်ပါ။
ထည့်နည်းကတော့..
(၁) ဘလော့ကာဝင်လိုက်ပါ
(၂) ဘလော့ကာ LAYOUT ကိုဝင်ပါ
(၃) Add a gadget ကိုဝင်ပါ
(၄) Html/Javascript ကိုကလစ်ပါ...
ကျလာတဲ့ ဘောက်ထဲမှာ စောစောက ယူလာတဲ့ ကော်ပီ ကုဒ်တွေကို past ချလိုက်ပြီး save လိုက်ပါ။
အဆင်ပြေပါပြီနော်
>>>ဆက်ဖတ်ရန်>>> >>

Chrome browser နှင့်  Firefox တွင်ဇော်ဂျီနှင့်  ယူနီကုဒ်များကို font ထည့် သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် Add On

ဒီအ၇င်က  chrome browser မှာ ဇော်ဂျီနှင့် ယူနီကုဒ်ပြဿနာကို  နေမင်းမောင်ဆိုဒ်ကရတဲ့   အောက်ကလင့်နဲ့ ဖြေရှင်းခဲ့ပါတယ်   ဒီမှာယူ၇န်

ခုဟာကတော့ Chrome browser တွင် ဇော်ဂျီနှင့် ယူနီကုဒ်များကို font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် add-on ဖြစ်သည်။ တန်ခူး (Tagu) ဟု ခေါ်တွင်ပြီး developer ဖြစ်သူ saturngod မှ ဖန်တီးပြုလုပ်ထားသည်။

Firefox အတွက် Add On ကိုတော့ အောက်ကလင့်ကိုနှိပ်ပြီးသွားလိုက်ပါ ။
ဒီလင့် ကနေသွားလိုက်ပါ

>>>ဆက်ဖတ်ရန်>>> >>

Freeshoutbox ဆိုဒ်လေးရဲ့ C-Box လှလှလေး

ဒါလေးကတော့   သည်နေရာ   မှာတင်ထားတဲ့ C-Box ဖရီးလုပ်နိုင်တဲ့ ဆိုဒ် (၁၀) ခုထဲက တစ်ခုကို
စမ်းသတ်ထားတာလေးပါ..ကြည့်လိုက်နော်..
ပထမဦးဆုံး ဒီနေ၇ားလေး ကို သွားလိုက်ပါ...

 သည်လိုလေးတွေ့မြင်ရပါမယ်...ဒါဆိုစလို့ ရပါပြီ....နော်.. မျှားအနီရဲ့ ဘယ်ဘက်က ၀င်ရပါ့မယ်..
အမည် ကေတာ့ ကြိုက်တာ ထည့်ပါ... ပါတ်ဝပ်....ပါတ်ဝပ်  ထပ်ထည့်ပါ..ကြိုက်တာ ထည့်နိုင်တယ်။

 ပြီးတာနဲ့  Creat Shoutbox ဆိုတာကိုကလစ်လိုက်ပါ...အောက်ကပုံလေး

ကဲဗျာ ဘယ်လို လွယ်ကူမှန်းကို မသိတာ ...သည်လိုလေးနဲ့ ချက်ဘောက်တစ်ခုရလေပြီ..
ကျနော်တောင် အံ့သြမိပါရဲ့...ေိေိေိ... ကော်ပီယူပါ ကုဒ်တွေကို...သင့်ဘလော့မှာထည့်လိုက်တော့.
အလျှား  အနံ  တွေ ချိန်နိုင်ပါတယ်... ကုဒ်ထဲပါတယ်နော်...
ထည့်နည်းကတော့.............................

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6. ယူလာတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...
>>>ဆက်ဖတ်ရန်>>> >>

Android မှာ မိမိဓါတ်ပုံလေးတွေကို ပြင်ဖို့ ရှိထားသင့်တဲ့ App လေးပါ

ကျွန်တော်တို့ ဟာ ကိုယ့်ပုံလေးတွေကို ပြင်ဆင်ရာမှာ အင်မတန်ဝါသနာကြီးသူတွေပါ
ချောသည်ဖြစ်စေ မလှသည်ဖြစ်စေ မိမိပုံလေးကို ဒီဇိုင်းအလန်းလေးတွေနဲ့ 
လုပ်ချင်သူတွေချည်းပါပဲ ဒါပေမယ့် Android မှာ ပြင်ဖို့ကျတော့ 
application တွေ အများကြီးရှိပေမယ့် အကောင်းလေးတွေ ရှားပါတယ်
ကျွန်တော်အခုမျှဝေပေးမယ့် App လေးကတော့ မိတ်ဆွေတို့
အသုံးပြုလို့အဆင်ပြေစေမှာပါ Android ကိုင်သူတိုင်း ဒေါင်းလိုက်ပါ
မိတ်ဆွေတို့အတွက် ပျော်စရာလေးတွေ ဖန်တီးနိုင်မှာပါ
>>>ဆက်ဖတ်ရန်>>> >>

Android မှာDJ ပွတ်ချင်တယ်တဲ့ သူတွေအတွက် လာပြီ DJ Studio FULL v4.3.2

DJ Studio FULL v4.3.2  
 
ညက အစ်ကိုတစ်ယောက်က Android မှာDJ ပွတ်ချင်တယ်တဲ့
သူ့လိုပဲ အခြားသူတွေလည်း ပွတ်ချင်မှာပေါ့ ပွတ်ချင်သူတွေ အတွက် တင်ပေးလိုက်တယ်နော်
 နာမည်က 
 
gravatar

DJ Studio FULL v4.3.2

ဒီနာလေးမှာဒေါင်းလိုက်နော်
>>>ဆက်ဖတ်ရန်>>> >>

လူပျိုတွေဘာကြောင့်မစွံတာလဲ..

မိန်းကလေး တစ်ယောက်ကိုစပြီးတော့ စိတ်ဝင်စားပြီဆိုပါတော့
ခေတ်တွေဘယ်လောက်တိုးတက်ပါစေ သူတို့နှလုံးသားကတော့
သူတို့လိုချင်တဲ့စံမရှိရင်မြန်ြ
မန်ဆန်ဆန်ပြန်ချစ်မှာမဟုတ်ပါဘူး။ဆရာကြီးမဟုတ်ပါ။
မြင်သမျှ တွေ့ဖူးသမျှ ကြားဖူးသမျှကိုမျှဝေပါမည်။
ယောက်ျားလေးအတော်များများဟာ မိမိကိုယ်ကို
အထင်ကြီးတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိပြီဆိုတာနဲ့ ဒီအယူအဆကို
စပြီးစွန့်လွတ်မှဖြစ်မှာပါ။မိန်းကလေးတွေက သူတို့ကို
အထင်သေးတာမကြိုက်လို့ပါ။အဲ့ဒီမိန်းကလေးကို သံယောဇဉ်ရှိသလို သူတို့နဲ့
ပတ်သက်တဲ့မိသားစုတွေ ကိုလည်းဂရုစိုက်ပေးပါ။သူ့ကိုဘဲ ယူမှာ သူ့ကိုဘဲ
ဂရုစိုက်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က မိသားစုကို
ခင်တွယ်တတ်လို့ပါ။ သူမရဲ့ အသုံးအဆောင် နှက်ခြိုက်တတ်တဲ့ အစားအစာများကို
လေ့လာပါ။ အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင်ကြိုးစားပါ။
ဘာဖြစ်လို့လဲဆိုတော့
သူတို့က မိန်းကလေးဖြစ်တဲ့အတွက် အလှအပ ကြိုက်တတ်လို့ပါ။ စကားပြောတဲ့အခါ
ချိုသာသောစကားတွေနဲ့ ရယ်မောတတ်အောင်ပြောပါ။သူတို့က ကြမ်းတမ်းတဲ့
မပြုအမူတွေကို ကြောက်ပြီးငြိုငြင်တတ်လို့ပါ။ တခုခုဆိုရင် ဦးစားပေးပါ။
lady first ကို အမြဲသတိရပါ။ ယောက်ျားလေးတွေက မာနကြီးပါတယ်။
ချော့မြူရတာလည်း ၀ါသနာမပါပေမဲ့ သူတို့က ကိုယ့်ထက်ပိုတယ်ဆိုတာ
သတိရသင့်ပါတယ်။ အလုပ်ကို ကြိုးစားလုပ်ပါ။ အလုပ်ကြိုးစားပြီးတက်ကြွနေတဲ့
ပုံစံကို သူတို့သဘောကျတတ်ပါတယ်။ အလုပ်အရမ်းကြိုးစားပြီး သူတို့ကို
အချိန်မပေးရင်လည်း ကြိုးစားသမျှ အလကားမဖြစ်ပါစေနှင့်။ သူမရဲ့
သူငယ်ချင်းတွေဆီက ဆန္ဒမဲရဖို့လည်း မမေ့ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော
သူတို့က သူငယ်ချင်းတွေနဲ့တိုင်ပင်တတ်လို့ပါ။ ၀တ်တာစားတာ က သပ်သပ်ရပ်ရပ်
ရှိပါစေ။ ညစ်ပေနေရင် သဘောမကျပါဘူး။
ပင်ကိုယ်က မိန်းမသားဆိုတော့ သန့်ရှင်းမှု ကိုအလေးထားတတ်ကြလို့ပါ။
ရည်းစားစကားပြောတော့မယ်ဆိုရင် မလောပါနဲ့။
သူမရဲ့ မျက်ဝန်းတွေကို ဘာသာပြန်တတ်အောင် ကြိုးစားပါ။ ကိုယ်တိုင်က ဘာမှ
ပေးဆပ်မှု မရှိဘဲနဲ့ အချိန်တိုအတွင်းမှာ ရဖို့လောဘကြီးရင်တော့
မောရတတ်ပါတယ်။အဓိကလိုချင်တာက သူမဆီက ကြင်နာတဲ့ ချစ်ခြင်းဆိုရင် သူမဆီက
ပထမဆုံးအချစ်ကိုဘဲ ရအောင်ကြိုးစားအားထုတ်ရမှာပါ။ အချစ်ကို
ရပြီဆိုမှတော့.......................။
ကိုယ်ကချစ်နေရုံနဲ့ မကျေနပ်ပါနဲ့ ဆွေးပြီးကြေကွဲနေရတဲ့ အရသာကို
ခံစားချင်ရင်တော့ တမျိုးပေါ့။
စိတ်ကောက်ရင်ချော့ပါ။ မချော့တတ်ရင်တော့ ဒီဘ၀တင်မဟုတ်ဘူး
နောင်ဘ၀တောင်စွံဖို့မလွယ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အကြောင်းမရှိအကြောင်းရှာပြီးကောက်တတ်လို့ပါ။
ဒေါသကြီးတတ်ရင် မြိုသိပ်တတ်ပါစေ။
ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေက ကြောက်တတ်လို့ပါ။
ကြင်နာယုယတတ်အောင်ကြိုးစားပါ။ သူတို့က အပြုစု အယုယတွေကို
မြတ်နိုးတတ်လို့ပါ။ အရေးကြီးဆုံးက ချစ်တယ်လို့ ပြောဖို့ထက် ငါ့ကို
အရမ်းချစ်တာဘဲ ဆိုတာမျိုးတွေးအောင် ဖြည့်ဆည်းပေးပါ။
သ၀န်မတိုအောင်နေပေးပါ။ သူတို့က သ၀န်တိုတတ်လို့ပါ။ အားပေးတတ်အောင်
ကြိုးစားပါ။ သူတို့က အမြဲလိုလို အားငယ်တတ်လို့ပါ။ အလျှောက်ကောင်းဖို့
စကားလုံးတွေလေ့လာထားပါ။ လူဆိုတာ မမျော်လင့်ဘဲ အပြစ်ဖြစ်လာတတ်ပါတယ်။
ဒီလို အပြစ်ဖြစ်လာရင် ကျေနပ်အောင် လျှောက်ပေတော့။ အလျှောက်ကောင်းမှ
အထောင်းသက်သာမှာလေ.............
လူပျိုတွေ စွံပြီး ပြုံးပျော်နိုင်ပါစေ။
  ကျေးဇူးပါနော်........ဆ၇ာမ ...မသဇင်
>>>ဆက်ဖတ်ရန်>>> >>

Gmail Account Locked ကျသွားရင်

Gmail Account Locked ကျသွားရင်

Google က အဲ့အတွက် service ပေးထားပါတယ်။ ဒီ Link ကိုသွားပါ။

https://www.google.com/accounts/DisplayUnlockCaptcha

အဲ့ link ကိုရောက်သွားရင် အပေါ်က ပုံအတိုင်းတွေ့လိမ့်မယ်။
အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး
စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။
အဆင်ပြေကျပါစေဗျာ

သွားရင်းနဲ့တွေ့လို့ သူငယ်ချင်းတွေကိုပြန်မျှဝေပေးတာပါခင်ဗျာ သိပီးတဲ့သူတွေရှိရင် တေတေနိပ် ပါ :)

>>>ဆက်ဖတ်ရန်>>> >>

Autorun ကို ကွန်ပျုတာကနေ ပိတ်ထားရင် Virus ကူးမယ့်ဘေးမှဝေးမယ်

Auto play ကိုပိတ်ထားရင် Memory Card တွေနဲ့ အခွေ ထည့်တဲ့အခါ    အော်တိုပွင့်

လာတဲ့ ဘေးကနေ ဝေးတာပေါ့ ။ အခွေထည့်လိုက်တယ် nero သို့ မဟုတ် Cyber နဲ့ 

တန်းပွင့်လာနေတာ.ပြီးတော့စက်က ဟန်းသွားတယ်ဆိုတဲ့ သူများအတွက် ပိတ်နည်း

လေးရေးလိုက်ပါတယ် ။ပိတ်ထားတာကောင်းပါတယ် ။ Memory card မှာ ပါလာတဲ့

Virus ဘေးကနေဝေးမယ်။.ကောင်းကျိုးဘက်က ကြည့်ရင်တော့ ပိတ်ထားလိုက်တာ

အကောင်းဆုံးပါ.ကဲ Auntorun Virus ကိုတားပေးမယ့်နည်းလေးစမ်းကြည့်စေ......။

Run box ကိုဖွင့်လိုက်ပါ Window ပုံလေးနဲ့  R ကို နှိပ်ပါ အဆင်ပြေသလိုသာဖွင့်

ပြီးရင်း gpedit.msc  ရိုက်  Enter နှိပ်  Group policy Editer ရောက်လာမယ်

Computer Config အောက်က Administrative Templates,  ကိုဝင်လိုက်ပါ

System အောက်က Window Components, ထဲဝင် Autoplay Policies.မှာ 

Turn Off Autoplay. ထဲဝင်ပြီး  Enable ကိုတစ်ချက်နှိပ် အောက်းနားလေးမှာပဲ

Turn Off Autoplay on ဆိုတဲ့နေရာမှာ All Drives ကိုရွေးပြီး Ok ပေးလိုက်ပါ

ကဲ ကလိနိုင်ကြပါစေနော်  Group Policy Editer ထဲမှာ အများကြီး ကလိလို့ ရ၏
>>>ဆက်ဖတ်ရန်>>> >>

ကွန်ပျူတာ ထဲမှာလိုအပ်တဲ့ဆော့ဝဲလ်မျာ

Mozilla Firefox
Gom Player
K-Lite Mega Codec Pack
Foxit PDF Reader
Kaspersky AVP
Miro
Nero 9 Free Edition
AIMP
Winrar
FlashGet
Winamp