bokhant
Saturday, 18 May 2013
Thursday, 28 March 2013
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့
ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။
https://www.facebook.com/
Thursday, 21 March 2013
Gtalk မှာ အမြဲတမ်း Idle ဖြစ်ချင်လား
ဒီမှာဒေါင်းလော ယူပြီ install လုပ်လိုက်ပါ။ ပြီးလျှင် မိမိရဲ့ Start ဘားတန်းမှာ ပေါ်နေသော
Gtalk လေးပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပေါ်လာလျှင် Always Idle ကို
ရွေးချယ်လိုက်ပါက မိမိရဲ့ အကောင့်လေးဟာ အမြဲတမ်း Idle ဖြစ်နေမှာပါ။
>>>ဆက်ဖတ်ရန်>>> >>
Friday, 1 March 2013
အွန်းလိုင်မှာ Photos shop လုပ်ကြမယ်
အသစ်းလေးပါတော်တော်စုံတယ်ဗျ စိတ်ဝင်စား၇င် ဒီမှာသွားလိုက်နော်
Thursday, 28 February 2013
သပ်ရပ်လှပတဲ့ PDF Files များဖန်တီးခြင်း
ဒါကတော့ PDF Files များဖန်တီး
ချင်တဲ့သူများအတွက်ပါ..။ ကျနော့်ဆိုဒ်က ပိုစ့်တွေကိုပဲ ဖြစ်ဖြစ်၊
တခြားဆိုဒ်တွေက ပိုစ့်တွေကိုပဲဖြစ်ဖြစ်၊ မိမိတို့ ကြိုက်တဲ့
အသုံးဝင်တဲ့ပိုစ့်တွေကို ဒီလို PDF ဖိုင်လေးတွေလုပ်ပြီး သိမ်းထားမယ်ဆိုရင်
မိမိတို့ ဘယ်နေရာပဲရောက်ရောက် အလွယ်တကူပြန်ကြည့်လို့ ရမှာဖြစ်ပါတယ်..။
ကျနော့်ဆိုဒ်ကပိုစ့်တွေကို PDF ဖိုင်နဲ့ တင်ပေးဖို့ တောင်းထားတဲ့
သူငယ်ချင်းများလည်း ရှိခဲ့ပါတယ်.. အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ရဲ့
ပိုစ့်တွေကို PDF ဖိုင်လုပ်ပြီး မတင်ပေးဖြစ်ခဲ့ပါဘူး..။ ဒါကြောင့်
မိမိတို့ ကိုယ်တိုင် PDF ဖိုင်လေးတွေပြုလုပ်တတ်အောင်လို့.. နောက်ပြီး
ကျနော့်ဆိုဒ်က လုပ်နည်းကိုင်နည်းနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေကို ကျနော် PDF
ဖိုင်နဲ့ မတင်ပေးနိုင်ခဲ့တဲ့အတွက် မိမိတို့ ကိုယ်တိုင် PDF
ဖိုင်လေးတွေ ပြုလုပ်ပြီးသိမ်းတတ်အောင်လို့.. ဒီနေ့ PDF ဖိုင်လုပ်နည်း
ပိုစ့်လေးကို တင်လိုက်ရပါတယ်.. လိုအပ်တဲ့ ဆော့ဝဲလ်ကတော့ PDF Creator နဲ့
Microsoft Office Word 2010 ကို မိမိတို့ စက်ထဲမှာ Install
ဆွဲထည့်ပါ.. ပြီးရင်တော့ Office Word 2010 ကိုဖွင့်ပြီး..
လုပ်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ...။
မိမိတို့ ပြုလုပ်မယ့်
စာတွေ ပုံတွေကို copy / paste နဲ့ ထည့်ပါ..။ မြန်မာစာပေါ်အောင် ရောက်လာတဲ့
စာလုံး တွေကို Select ပေး(အောက်ပုံအတိုင်း)ပြီ.. Font နေရာမှာ
Zawgyi-one ပြောင်းပေးလိုက်ပါ..
အပေါ်ပုံမှာ မြန်မာစာပေါ်လာပါပြီ..။ အောက်ပုံကတော့
မိမိတို့ ထည့်ချင်တဲ့ပုံတွေကို copy image သို့မဟုတ် copy ကူပြီး paste
နဲ့ ထည့်ပါ..။ တကယ်လို့ ပုံရောစာရော အားလုံးကို တခါတည်း စလက် ပေးပြီး copy
ကူးထည့်ရင် တခါတလေမှာ ထည့်လို့ ရပေမယ့်.. တခါတရံမှာတော့ Error
တက်တတ်ပါတယ်..။ ဒါကြောင့် စာသပ်သပ်၊ ပုံသပ်သပ် လုပ်ပြထားတာပါ..။
ဒီနေရာမှာတော့ မိမိတို့ အဆင်ပြေသလိုသာ လုပ်ကြပါ..။
အပေါ်အဆင့်ပြီးရင်တော့ အောက်ကအဆင့်မှာ
စာမျက်နှာတပ်ပေးထားတာပါ..။ မိမိတို့ လုပ်တဲ့ PDF ဖိုင်ဟာ
စာမျက်နှာရှိသလောက်ကို ဒီအဆင့်မှာ လုပ်ပေးလိုက်တာနဲ့ သူ့အလိုလို
နံပါတ်စဉ်တိုင်း တပ်သွားပေးပါလိမ့်မယ်..။ ပိုပြီးသပ်ရပ်သွားတာပေါ့ဗျာ..
နောက်တဆင့်ကတော့ မိမိတို့
ကူးထည့်လိုက်တဲ့ စာတွေပုံတွေရဲ့အောက်မှာ ရေစာရေးရေးထင်အောင် လုပ်တာပါ..။
ဒီနေရာမှာ မိမိတို့ ရေးချင်တဲ့ စာသား နာမည် တခုခုကို ရေးနိုင်ပါတယ်..။
အဲလိုရေးဖို့ အတွက် အောက်ကပုံအတိုင်း နံပါတ် 6 နေရာကိုကလစ်ပေးပါ..
ပြီးရင်တော့ အောက်ကဘောက်စ်လေး
ထွက်လာပါလိမ့်မယ်.. အဲထဲမှာ နဲနဲပြောင်းပေးရပါမယ်..။ ABC အတိုင်း
လိုက်ပြောင်းပေးပါ..။ Zawgyi-one ကိုပြောင်းပေမယ့်..
စာရေးရင်တော့ လေးထောင့်ကွက် လေးတွေပဲ မြင်ရမှာပါ..
D နေရာမှာတော့ ရေစာပေါ်မယ့် အရောင်ကို ရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့
အနီရောင်ကို ရွေးလိုက်ပါတယ်..
Apply,
ok ပေးပြီးရင်တော့ အောက်ကပုံအတိုင်း
စာလုံးတွေရဲ့အောက်မှာ ရေစာ ပေါ်လာပါပြီ..။ ဒီနေရာမှာ တခုတောင်းဆိုချင်တာက
မိမိတို့ လုပ်တဲ့ PDF ဖိုင်တွေကို မိမိတို့ ကြိုက်တဲ့နာမည် ပေးလို့ရပါတယ်..
ဒါပေမယ့် ပိုစ့်ရေးသားသူ(Posted by;........) နေရာမှာတော့
အဲဒီပိုစ့်ကို ရေးတဲ့လူရဲ့ နာမည်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်...။
ဘာလို့လဲဆိုတော့ ပိုစ့်တခုဖြစ်ဖို့ အတွက် အချိန်တွေအများကြီး ပေးရပါတယ်..
အဲဒီပိုစ့်ရေးသားသူရဲ့ ပညာ၊ စေတနာ တွေကို လေးစားတဲ့အနေနဲ့ Posted
by; နေရာမှာ အဲဒီပိုစ့်ရေးသူရဲ့ နာမည်ကို ထည့်ရေးပေးပါလို့
ထပ်ဆင့် တောင်းဆိုပါရစေဗျာ..
အောက်ကပုံကတော့ PDF ဖိုင်လုပ်ပါပြီ..။ File ကနေစပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
အောက်ပုံ A နေရာမှာတော့ မိမိတို့ သိမ်းတဲ့ဖိုင်ကို နာမည်ပေးလိုက်ပါ.. ပြီးရင်တော့ Save ကိုဆက်နှိပ်ပါ..
အပေါ်ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့
ရှာရလွယ်အောင် Desktop နဲ့ Save ကိုနှိပ်ပေးလိုက်ယုံပါပဲ..
ခဏစောင့်ပေးပါ..။ အောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..
အပေါ်ပုံလေးပျောက်သွားရင်တော့ မိမိတို့ သိမ်းလိုက်တဲ့ ဖိုင်လေးဟာ Desktop မှာပေါ်လာပါပြီ.. Desktop မှာ အောက်ပုံအတိုင်း မြင်နေရပါပြီ..
Desktop မှာပေါ်လာတဲ့ PDF ဖိုင်လေးကို
၂ချက်တောက် ဖွင့်လိုက်ရင်တော့ မိမိတို့ စက်ထဲမှာရှိတဲ့ PDF Reader လေးနဲ့
ပွင့်လာပါလိမ့်မယ်.. ကျနော်စက်မှာ Foxit Reader ကို Install
ဆွဲထည့်ထားတာ ဖြစ်တဲ့အတွက် ဒီကောင်လေးနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
မူရင်း ... လွင်မင်းဗိုလ်မှ
Wednesday, 27 February 2013
သည်နေ့ တင်မယ့်အကြောင်းရာလေးကေတာ့ ဘလော့ကာသမားများအတွက် အလှဆင်နိုင်မယ့်
မရှိမဖြစ် လိုအပ်သော နာရီ... အချိန်နာရီ အတွက်ပါ.. နာရီ အလန်းစားတွေကို အရင်ကလဲ တင်ဘူးပါတယ်... သည်ဆစ်ခါက ပိုပြီး စိတ်တိုင်းကြ ရှာဖွေ နိုင်တဲ့ ဆိုဒ်လေးတစ်ခု ဆီကို ခေါ်ဆောင်သွားမယ်နော်...
လိုခြင်သူများကတော့ ဒီမှာ သွားလိုက်ကြပါနော်....

မိမိတို့ လိုခြင်တဲ့ နာရီ ဒီဇိုင်းကို ရှာလိုက်ပါ page 1-2-3-4-5-6---- စသဖြင့် အများကြီး
စာမျက်နှာတွေ ရှိပါတယ်.. စိတ်ကြိုက် ရှာပါ တွေ့ပြီဆိုတာနဲ့ HTML CODE ဆိုတာကိုကလစ်လိုက်ပါ။
သူ့ရဲ့ ကုဒ်တွေ အော်တိုကျလာမယ်.. ကော်ပီယူပြီး မိမိဘလော့ကို ထည့်ပါ။
ထည့်နည်းကတော့..
(၁) ဘလော့ကာဝင်လိုက်ပါ
(၂) ဘလော့ကာ LAYOUT ကိုဝင်ပါ
(၃) Add a gadget ကိုဝင်ပါ
(၄) Html/Javascript ကိုကလစ်ပါ...
ကျလာတဲ့ ဘောက်ထဲမှာ စောစောက ယူလာတဲ့ ကော်ပီ ကုဒ်တွေကို past ချလိုက်ပြီး save လိုက်ပါ။
အဆင်ပြေပါပြီနော်
Chrome browser နှင့်  Firefox တွင်ဇော်ဂျီနှင့်  ယူနီကုဒ်များကို font ထည့် သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် Add On
ဒီအ၇င်က chrome browser မှာ ဇော်ဂျီနှင့် ယူနီကုဒ်ပြဿနာကို နေမင်းမောင်ဆိုဒ်ကရတဲ့ အောက်ကလင့်နဲ့ ဖြေရှင်းခဲ့ပါတယ် ဒီမှာယူ၇န်
Firefox အတွက် Add On ကိုတော့ အောက်ကလင့်ကိုနှိပ်ပြီးသွားလိုက်ပါ ။
ဒီလင့် ကနေသွားလိုက်ပါ
Subscribe to:
Comments (Atom)