Showing posts with label ဗဟုသူတ. Show all posts
Showing posts with label ဗဟုသူတ. Show all posts

Wednesday, 27 February 2013

လူပျိုတွေဘာကြောင့်မစွံတာလဲ..

မိန်းကလေး တစ်ယောက်ကိုစပြီးတော့ စိတ်ဝင်စားပြီဆိုပါတော့
ခေတ်တွေဘယ်လောက်တိုးတက်ပါစေ သူတို့နှလုံးသားကတော့
သူတို့လိုချင်တဲ့စံမရှိရင်မြန်ြ
မန်ဆန်ဆန်ပြန်ချစ်မှာမဟုတ်ပါဘူး။ဆရာကြီးမဟုတ်ပါ။
မြင်သမျှ တွေ့ဖူးသမျှ ကြားဖူးသမျှကိုမျှဝေပါမည်။
ယောက်ျားလေးအတော်များများဟာ မိမိကိုယ်ကို
အထင်ကြီးတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိပြီဆိုတာနဲ့ ဒီအယူအဆကို
စပြီးစွန့်လွတ်မှဖြစ်မှာပါ။မိန်းကလေးတွေက သူတို့ကို
အထင်သေးတာမကြိုက်လို့ပါ။အဲ့ဒီမိန်းကလေးကို သံယောဇဉ်ရှိသလို သူတို့နဲ့
ပတ်သက်တဲ့မိသားစုတွေ ကိုလည်းဂရုစိုက်ပေးပါ။သူ့ကိုဘဲ ယူမှာ သူ့ကိုဘဲ
ဂရုစိုက်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က မိသားစုကို
ခင်တွယ်တတ်လို့ပါ။ သူမရဲ့ အသုံးအဆောင် နှက်ခြိုက်တတ်တဲ့ အစားအစာများကို
လေ့လာပါ။ အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင်ကြိုးစားပါ။
ဘာဖြစ်လို့လဲဆိုတော့
သူတို့က မိန်းကလေးဖြစ်တဲ့အတွက် အလှအပ ကြိုက်တတ်လို့ပါ။ စကားပြောတဲ့အခါ
ချိုသာသောစကားတွေနဲ့ ရယ်မောတတ်အောင်ပြောပါ။သူတို့က ကြမ်းတမ်းတဲ့
မပြုအမူတွေကို ကြောက်ပြီးငြိုငြင်တတ်လို့ပါ။ တခုခုဆိုရင် ဦးစားပေးပါ။
lady first ကို အမြဲသတိရပါ။ ယောက်ျားလေးတွေက မာနကြီးပါတယ်။
ချော့မြူရတာလည်း ၀ါသနာမပါပေမဲ့ သူတို့က ကိုယ့်ထက်ပိုတယ်ဆိုတာ
သတိရသင့်ပါတယ်။ အလုပ်ကို ကြိုးစားလုပ်ပါ။ အလုပ်ကြိုးစားပြီးတက်ကြွနေတဲ့
ပုံစံကို သူတို့သဘောကျတတ်ပါတယ်။ အလုပ်အရမ်းကြိုးစားပြီး သူတို့ကို
အချိန်မပေးရင်လည်း ကြိုးစားသမျှ အလကားမဖြစ်ပါစေနှင့်။ သူမရဲ့
သူငယ်ချင်းတွေဆီက ဆန္ဒမဲရဖို့လည်း မမေ့ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော
သူတို့က သူငယ်ချင်းတွေနဲ့တိုင်ပင်တတ်လို့ပါ။ ၀တ်တာစားတာ က သပ်သပ်ရပ်ရပ်
ရှိပါစေ။ ညစ်ပေနေရင် သဘောမကျပါဘူး။
ပင်ကိုယ်က မိန်းမသားဆိုတော့ သန့်ရှင်းမှု ကိုအလေးထားတတ်ကြလို့ပါ။
ရည်းစားစကားပြောတော့မယ်ဆိုရင် မလောပါနဲ့။
သူမရဲ့ မျက်ဝန်းတွေကို ဘာသာပြန်တတ်အောင် ကြိုးစားပါ။ ကိုယ်တိုင်က ဘာမှ
ပေးဆပ်မှု မရှိဘဲနဲ့ အချိန်တိုအတွင်းမှာ ရဖို့လောဘကြီးရင်တော့
မောရတတ်ပါတယ်။အဓိကလိုချင်တာက သူမဆီက ကြင်နာတဲ့ ချစ်ခြင်းဆိုရင် သူမဆီက
ပထမဆုံးအချစ်ကိုဘဲ ရအောင်ကြိုးစားအားထုတ်ရမှာပါ။ အချစ်ကို
ရပြီဆိုမှတော့.......................။
ကိုယ်ကချစ်နေရုံနဲ့ မကျေနပ်ပါနဲ့ ဆွေးပြီးကြေကွဲနေရတဲ့ အရသာကို
ခံစားချင်ရင်တော့ တမျိုးပေါ့။
စိတ်ကောက်ရင်ချော့ပါ။ မချော့တတ်ရင်တော့ ဒီဘ၀တင်မဟုတ်ဘူး
နောင်ဘ၀တောင်စွံဖို့မလွယ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အကြောင်းမရှိအကြောင်းရှာပြီးကောက်တတ်လို့ပါ။
ဒေါသကြီးတတ်ရင် မြိုသိပ်တတ်ပါစေ။
ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေက ကြောက်တတ်လို့ပါ။
ကြင်နာယုယတတ်အောင်ကြိုးစားပါ။ သူတို့က အပြုစု အယုယတွေကို
မြတ်နိုးတတ်လို့ပါ။ အရေးကြီးဆုံးက ချစ်တယ်လို့ ပြောဖို့ထက် ငါ့ကို
အရမ်းချစ်တာဘဲ ဆိုတာမျိုးတွေးအောင် ဖြည့်ဆည်းပေးပါ။
သ၀န်မတိုအောင်နေပေးပါ။ သူတို့က သ၀န်တိုတတ်လို့ပါ။ အားပေးတတ်အောင်
ကြိုးစားပါ။ သူတို့က အမြဲလိုလို အားငယ်တတ်လို့ပါ။ အလျှောက်ကောင်းဖို့
စကားလုံးတွေလေ့လာထားပါ။ လူဆိုတာ မမျော်လင့်ဘဲ အပြစ်ဖြစ်လာတတ်ပါတယ်။
ဒီလို အပြစ်ဖြစ်လာရင် ကျေနပ်အောင် လျှောက်ပေတော့။ အလျှောက်ကောင်းမှ
အထောင်းသက်သာမှာလေ.............
လူပျိုတွေ စွံပြီး ပြုံးပျော်နိုင်ပါစေ။
  ကျေးဇူးပါနော်........ဆ၇ာမ ...မသဇင်
>>>ဆက်ဖတ်ရန်>>> >>

Saturday, 19 November 2011

သံဝေဂ ပွားရအောင်

   မြတ်စွာ ဘုရားရှင်လက်ထက်က
   ဗုဒ္ဒရဲ့   ----
   ဆွေတော် မျိုးတော်   သာကီဝင်မင်းများ
   အမျိုးဂုဏ် ကိုတန်ဘိုး ထားလွန်းပြီး
   မာန်မာနတွေ အစွန်းရောက်လို့
   သွေးချောင်းပေါက်  စစ်မက်များ
   သံဝေဂ ပွားရအောင်
   နည်းနည်းလောက်ပြောကြား ချင်ပါတယ် ---

   ကောသလမင်း က
   ဗုဒ္ဒကို ကြည်ညို လွန်းလှလို့
   သာကီဝင်မင်း တို့နဲ့  အမျိုးဖက်
   ဆွေမျိုးစပ်ချင် တာနဲ့
   သမီးတော်တစ်ပါး  မိဖုရား အရာထားဘို့
   သာကီဝင်မင်းတွေဆီကို
   တောင်းဆိုသတဲ့ ---
   အမျိုးဂုဏ်မာန်တတ်  သွေးနှောမပျက်စေဘို့
   ချောမောလှပတဲ့  ကျွန်မ  တစ်ယောက်ကို
   သမီးတော်ဆိုပြီး ဆက်သ
   ဟုတ်လှပြီပေါ့------

   ကောသလမင်းဟာ
   အဲဒီ ကျွန်မ ကို  --သာကီဝင်တို့ရဲ့သမီးတော်
   ယုံမှတ်တော်မူပြီး  အကြင်နာရင်မှာ ပျိုးကာ
   အလွန် ချစ်မြတ်နိုးသတဲ့--
   အဲဒီလိုနဲ့ နှစ်တွေကြာ--
   အဲဒီ မိဖုရား နဲ့
   ``ဝီဋဋူပ`` ဆိုတဲ့  သားတော်တစ်ပါး
   မွေးဖွား လို့ အရွယ်ရောက်
   ကံကြမ္မာတွေ ဗွေဖောက်မယ့်
   အဲဒီတစ်နေ့ကိုရောက်ရော------

   ``ဝီဋဋူပ​`` မင်းသားဟာ
   မိခင်ရဲ့  အမျိုးတော်  သာကီဝင်မင်းတို့ ကို
   တွေ့လိုတာကြောင့်
   ဖခင်ဆီ ခွင့်ပန်
   ဆွေမျိုးတွေဆီ ခဏပြန်သတဲ့
  
   အမျိုးဂုဏ်နိမ့်တဲ့ ကျွန်မရဲ့ သားကို
   ဂါရဝ မပြုစေလိုတာကြောင့်
   အဲဒီ ``ဝီဋဋူပ``  မင်းသားအောက်
   ငယ်ရွယ်သူ မင်းညီ မင်းသားတွေကို
   ကျူပင်တွေကြား ဝှက်ထားပြီး တိမ်းရှောင်
   မာန်မာန ရဲ့ သားကောင်တွေပေါ့ --
  
   ``ဝီဋဋူပ`` မင်းသားဟာ
   သူကဘဲ ဂါရဝ ပြုနေရပြီး
   သူ့အောက် ညီငယ်  ညီမငယ် ဆိုတာမတွေ့
   ကိုယ့်ကို ဂါရဝပြုမယ့်လူ မရှိတာကို ဘဝင်မတွေ့ဘဲ
   အကြောင်းရဲ့ အစစ်အမှန်
   စုံစမ်းရန် လူထားပြီး
   ပြန်သွားရော ---

  ကျွန် သွေးပါတဲ့ ကျွန်မသား
  နေထိုင်သွားတဲ့နေရာ
   မသတီတာနဲ့
   နွားနို့ နဲ့ဆေး
   နန်းတော်တွင်းမှာ ရှုတ်ယှက်ခတ်
   လုပ်ဇာတ်ကပေါ်
   ရှုံ့ မဲ့ ပြီး အော့အန်ကြ
   အကြောင်းမှန်သိရတော့
   ဒေါထပြီး တောက် တစ်ချက်ထန်
   ဗျောင်းသတ် အောင်မြေလှန်မဟဲ့ လို့
   စစ်တပ် နဲ့ တပ်ချီ
   ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ လို့
   တစ်ချက်လွှတ် အမိန့်ပြန်
   သတ်ချက်ကတော့ လက်လံတယ်
   ဘုရားတောင် သုံးကြိမ်ကျ
   တားလို့ မရခဲ့--
   ဒေါသရဲ့ တုန့်ပြန်
   မာန်မာနတွေ ခံရ
   သြော်--- ဒေါသ နဲ့ မာန
 
   သူတို့တွေရော--
   အဲဒီက အပြန်
   ရေမရှိတဲ့ ချောင်းသောင်ယံမှာ
   စစ်တပ်ကိုချ ရပ်နားကြတုန်း
   ဗြုံး  ဆို  -- ရေလှိုင်းတွေစီးလာ
   တစ်တပ်လုံး  ပြုတ်ပါရော--
   ဒေါသနဲ့  မာန
   ဘယ်သူမှ အကောင်းမကျန်
   ဆိုးပြစ်တွေခံရ
   သတိထားကြပေါ့ ---
 
   ငါ  မှ ငါ ဆိုတဲ့ မာန
   တစ်ကယ်လို့ ဝင်နေကြရင်
   ဒီအဖြစ်ကိုသတိရ
   စိတ်လျှော့ကြ ပါ ။    ။
  မှော်ဆ၇ာမေးလ် မှ  ၇၇ှိပါတယ်