Sunday, 20 November 2011

Clock blogger

ဘလော့မှာတပ်ဖို့ နာရီ လှလှလေးတွေအများကြီ ကုတ်တွေအလွယ်တကူရရှိပြီ ကောင်းတဲ့နာရီဆိုဒ်လေးပါ
ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက်ကမေးထားလို့ ဘလော့မှာနာရီလှလှတွေများတဲ့ဆိုဒ်ရှိရင်ပို့ပေးပါလားဆိုလို့
သူ့ကိုရှာပေးရင်တွေ့ခဲ့တဲ့ဆိုဒ်လေး အချိန်လေးရတော့မှတင်ဖြစ်တော့တာ အသုံးလိုခဲ့ရင် ဒီမှာ သွားရောက်ပြီရယူနိုင်ပါတယ်
>>>ဆက်ဖတ်ရန်>>> >>

BASIC_NETWORKING.မြန်မာလို

BASIC_NETWORKING.မြန်မာလိုရေးထားတာပါ ကျနော်ရေးထားတော့မဟုတ်ဘူး
ကိုစံငြိမ်း ရေးထားတာပါ.။BASIC_NETWORKING ကိုလေ့လာချင်တဲ့သူတွေ ဒေါင်းယူနိုင်ပါတယ်.။
http://ifile.it/မှာတင်ပေးထားပါတယ်မြန်မာပြည်ကဒေါင်းလို့အဆင်ပြေအောင်...။။။ကျေးဇူးတင်ပါတယ်
You might also like:
>>>ဆက်ဖတ်ရန်>>> >>

ဝင်ဒိုး 7 တင်နည်းစာအုပ်

ကိုယ်တိုင် ၀င်ဒိုးတင်ချင်တဲ့သူငယ်ချင်းတွေ ဒီစာအုပ်ဖတ်ပြီ ၀င်ဒိုးတင်နိုင်ပါတယ် အောက်ကလင့်လေးမှာရယူနိုင်ပါတယ်
http://ifile.it/h058pqo/_7.pdf
You might also like:
>>>ဆက်ဖတ်ရန်>>> >>

FacebookVideoCallSetup

FacebookVideoCallSetup လေးပါ လင့်ပေးထားတယ်
http://www.mediafire.com/?jo2t68v6lmnhpzn
You might also like:
>>>ဆက်ဖတ်ရန်>>> >>

Qvod player

ကျနော်သုံးဖူးပါတယ် ဒီပလေယာ လေးက ရုပ်ရှင်ပါကြည့်လို့ရတယ် တရုတ်လိုရေးထားတော့ သုံးကြည့်မှသိမှာပါ
မပြောတော့ဘူး
http://www.mediafire.com/?wa1sv849wr85j2b
>>>ဆက်ဖတ်ရန်>>> >>

Seven Remix XP 2.41 window7styl

ကဲဗျာ အခုဆော်ဝဲလ်လေးကတော့ ၀င်ဒိုး Xp သုံးနေတဲ့သူတွေအတွက် ၀မ်းသာစရာလေးပေါ့ ဟဲဟဲ...
ပြောနေတာနဲ့ ဘေးထွက်ဘောဖြစ်ကုန်ပြီ ကွင်းထဲကိုလက်ပစ်ဘော ပြန်ပစ်သွင်းရအောင် တစ်နေ့ဗျာ မြန်မာပြည် ပြန်ခါနီးအားနေတာနဲ့ ဘော်ဘော် ဆီရောက်သွားတယ် သူသုံးနေတော့ xp ပေါ့ဗျာ သူ့စက်ကိုခဏသုံးကြည့်လိုက်တော့ ၀င်ဒိုး 7 ဖြစ်နေတယ် အရင်ကသူသုံးနေတာ xp ကြီပါ...ကျနော် မသင်္ဂါတာနဲ့
MY computer ကိုကလိကြည့်လိုက်တော့ အဲမှာစတွေ့တာပဲ အတုကြီး ဗျာ........ကျနော်လည်း အာကျတာနဲ့ လိုက်တုကြည့်တာ ပုံထဲကအတိုင်းပဲ လန်းနေတာမှ မပြောပါနဲ့တော့ တော်ပြီ...လိုရင်မရောက်တော့ဘူး ပြောရအုံးမယ် ကျန်သေးတယ် သူကပြောသေးတယ် ကြိုက်ရင်ယူထားလိုက်တဲ့ ဟာာာ..ဘယ်ယူမှာလဲ ငါ့စက်က ၀င်ဒိုး 7 ဟာကိုဘာလုပ်မှာလဲ အော်သတိရလိုက်တာ
ဘလော့မှာတင်လိုက်ရင် အကျိုးရှိမှာပဲ တွေးလိုက်တာ ဒီဆော်ဝဲလ် လေးကိုတင်ပေးလိုက်ပါတယ်
တကယ်ပဲ ကြည့်လိုက်လို့ရှိရင် တကယ့် ၀င်ဒိုး 7 ပဲဗျာ ဘယ်နေရာကြည့်ကြည့် တူတယ်ဗျာ ..
မြန်မာပြည် က ဒေါင်းလို့အဆင်ပြေအောင် i file.it/ မှာတင်ပေးထားတယ်
ဒီမှာရယူရန်
ဒီမှာရယူရန်
>>>ဆက်ဖတ်ရန်>>> >>

Saturday, 19 November 2011

မြန်မာလူမျိုးများအတွက် တုန်လှုပ်ချောက်ခြားဖွယ်

ကွယ်လွန်သူ မရင်ငြိမ်းပွင့်၏ ဖေ့စ်ဘုတ် စာမျက်နှာ "http://www.facebook.com/lonelysonata" တွင် မိတ်ဆွေများက ၀မ်းနည်းစကား ရေးသားနေကြသည်

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

သူမ၏ Facebook ပေါ်တွင်လည်း "I Miss Being Happy" ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?” ဟု ရေးသားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော ဓာတ်ပုံအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံးမှတ်တမ်း တစ်ခုအားလည်း ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ် ဖွယ်ရှိသော မိန်းကလေးတစ်ဦးအား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ၇ ဦးနှင့်အတူ နေထိုင်ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊ သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံးစေသူဟု အခန်းဖော်များ၏ အဆိုအရ သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရှိရသည်။

သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရပြီး သူမထံသို့လည်း မည်သည့်​ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော်များက ပြောပြခဲ့သည်။

မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

ဤဖြစ်ရပ်သည် နိုင်ငံတကာတွင် နေထိုင်သော မြန်မာလူမျိုးများအတွက် တုန်လှုပ်ချောက်ခြားဖွယ်၊ သင်ခန်းစာယူဖွယ် သတင်းတစ်ခုပင် ဖြစ်ပေတော့သည်။