Wednesday, 27 February 2013

နှင်းဆီနက်မင်းသားလေး ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။

ရိုးသားသူ
နစ်ခ်တစ်ယောက် မျက်ကွင်း နှစ်ဖက်စလုံးညိုပြီး ဖူးရောင်နေတဲ့ ပုံနဲ့ အိမ်ပြန်လာတော့ မိန်းမဖြစ်သူက ဘာဖြစ်လာရတာလဲလို့ မေးပါတယ်။ နစ်ခ်က မျက်နှာမသာမယာနဲ့
"ဓာတ်လှေကားထဲမှာကွာ၊ အမျိုးသမီး တစ်ယောက်ရဲ့ စကတ်နောက်ဇစ်က ဟနေတယ်။
ငါလည်း အမြင်မတော်တာနဲ့ ဆွဲတင်ပေးလိုက်တာကို အဲဒီအမျိုးသမီးက ငါ့ဘယ်ဘက် မျက်လုံးကို လက်သီးနဲ့ ထိုးတယ်လေ"လို့ ဆိုပါတယ်။
ဒါနဲ့ သူ့မိန်းမက "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ နောက် တစ်ဖက်က ဘယ်လိုဖြစ်ရတာတုံး.."လို့ မေးတော့
နစ်ခ်ပြန်ဖြေတာက "သူက အရင်ပုံစံကိုပဲ ကြိုက်တယ်ထင်လို့ ဇစ်ပြန်ဆွဲချပေးလိုက် တယ်လေ"တဲ့။
လိုက်နာရမယ်လေ့
ဒီနေ့ ဂျွန်နီကလေး ကျောင်းကို တော်တော်လေးနောက်ကျမှ ရောက်လာပါတယ်။ စာသင်ခန်းဝကနေ ဆရာမက
"ဂျွန်နီ့မင်းဘာဖြစ်လို့ ကျောင်း နောက်ကျရတာလဲ" လို့ ဆီးကြိုမေးတော့ စိတ်မသက်မသာနဲ့
"သတိပေး ဆိုင်းဘုတ်ကြောင့်ပေါ့ ဆရာမ ရယ်"လို့ ဖြေပါတယ်။ သူ့အဖြေကို အံ့ဩသွားတဲ့ ဆရာမက
"ဟေ့ဘာဆိုင်းဘုတ်များလဲကွယ့်"လို့ ထပ်မေးတာကို ဂျွန်နီထပ်ဖြေတာက "
ဟိုဆိုင်းဘုတ်လေဆရာမရဲ့။ ကျောင်းရှိသည် ဖြည်းဖြည်း တဲ့"။
ညာတယ်လေ..
ပီတာက အရမ်းကို ဒေါသတကြီး ဖြစ်နေပါတယ်။ ဒါနဲ့ သူ့သူငယ်ချင်းက ဘာဖြစ်တာလဲလို့ မေးတော့
"ငါ့မိန်းမကွာ .. ငါ့ကို ညာတယ်"တဲ့။
သူငယ်ချင်းဖြစ်သူက ပီတာ့ကို သနားသလိုကြည့်ရင်း "ဘယ်လိုဖြစ်ရတာလဲကွာ" လို့ မေးပါတယ်။
ပီတာက အခဲမကျေနိုင်တဲ့လေသံနဲ့ "မနေ့က သူအိမ်ပြန်မလာလို့ ငါဖုန်းခေါ်တော့ သူ့သူငယ်ချင်း မေရီ့အိမ်မှာ အိပ်တယ်တဲ့လေ..။
သူလိမ်တာ။ ငါ အဲဒီတစ်ညလုံး မေရီနဲ့အတူရှိနေတယ်"
မှားတောင်မှားသေး
ခရီးသည်အပြည့် ကြပ်ညပ်နေတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ခရီးသည်တစ်ယောက်က သူ့ကို ခါးပိုက်နှိုက်နေတဲ့ လူကို ဖမ်းမိလိုက်ပါတယ်။
“ဟေ့ကောင် မင်းငါ့အိပ်ကပ်ထဲ ခါးပိုက်နှိုက်တာ အရှက်မရှိဘူးလားကွ”
“အံမာ၊ ခင်ဗျားကသာ ရှက်စရာကောင်းတာ၊ အိပ်ကပ်ထဲ တစ်ပြားမှ မရှိဘဲနဲ့များ”
အဖြေ
မူလတန်းကျောင်း တစ်ကျောင်း၌ တပည့်များအား အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသတွင် ကြံစိုက်ပျိုးပြီး သကြားထုတ်လုပ်ထွက်ရှိကြောင်း ဆရာမက သင်ကြားထားသည်။ နောက်တစ်နေ့၌ တပည့်များအား ဆရာမက အောက်ပါအတိုင်း စာပြန်မေးလေသည်။
ဆရာမ။ ။ မနေ့က သင်လိုက်တာတွေ မှတ်မိကြလား
တပည့်များ။ ။ မှတ်မိပါတယ် ဆရာမ။
ဆရာမ။ ။ ဒါဆိုရင် စမစ် မတ်တပ်ရပ်ပါ။
စမစ်။ ။ ဟုတ်ကဲ့။ ဆရာမ။ ။ မနေ့က ဘာသင်လိုက်လဲ။
စမစ်။ ။ ရုတ်တရက် မဖြေနိုင်ဘဲ စဉ်းစားနေသည်။
ဆရာမ။ ။ ကဲ… စဉ်းစားလို့ရအောင် ပြောပြမယ်။
စမစ်။ ။ ဟုတ်ကဲ့
ဆရာမ။ ။ မင်း အိမ်မှာ ကော်ဖီဖျော်ရင် ဘာထည့်ရလဲ..
စမစ်။ ။ သကြားနဲ့ နို့ဆီထည့်ရပါတယ်။
ဆရာမ။ ။ ဒါဆို သကြားက ဘယ်နေရာက ရသလဲ… စဉ်းစားလိုက်ပေါ့။
စမစ်။ ။ ဘေးအိမ်က သွားတောင်းလိုက်တာပါ။
ဆရာမ။ ။ ဟေ
ကျန်းမာရေး
လူကုံထံ ရပ်ကွက်တစ်ခုအတွင်း စိတ်အေးလက်အေး လမ်းလျှောက်နေသော လူတစ်ဦးအနီးသို့ အမျိုးသားတစ်ဦး ရောက်လာပြီး အောက်ပါအတိုင်း မေးလေသည်။
အမျိုးသား ။ ။ မိတ်ဆွေ … လမ်းလျှောက်နေတာလား။
လမ်းလျှောက်သူ ။ ။ ကျန်းမာရေးအတွက်ပေါ့။
အမျိုးသား ။ ။ ငွေကြေး ချမ်းသာပေမယ့် ကျန်းမာရေး ကောင်းဖို့လည်း လိုတယ်။
လမ်းလျှောက်သူ ။ ။ မှန်တာပေါ့… ကျွန်တော်ငွေကြေးချမ်းသာပေမယ့် ကျန်းမာရေး မကောင်းလို့ အခု လမ်းလျှောက်နေတာ။
အမျိုးသား ။ ။ ဒါထက် … ဒီနားမှာ ရဲတပ်ဖွဲ့ဝင်တွေ တွေ့မိလား…။
လမ်းလျှောက်သူ ။ ။ မတွေ့မိဘူးဗျ … ဘာဖြစ်လို့လဲ ….။
အမျိုးသား ။ ။ အတော်ပဲ… ခင်ဗျားမှာ ရှိတာ အကုန်ပေးစမ်း…။
လမ်းလျှောက်သူ ။ ။ “ဗျာ”
မင်းလိုပဲလေ
မောင်ချစ်။ ငါသေသွားခဲ့ရင် မင်းနောက်အိမ်ထောင်ပြုမှာလား
ဇနီးဖြစ်သူ။ ဟင့်အင်း…. ကျွန်မ ညီမနဲ့ပဲနေမှာ။ ဒါနဲ့ရှင်ရော။ ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား။
မောင်ချစ်။ ဟင့်အင်း….ငါလည်း မင်းလိုပဲ…. မင်းညီမနဲ့ပဲ နေမှာပေါ့။
ဒီနေ့ ကက်ပတိန် အရက်မမူးပါ
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကပ္ပတိန် ၂ ယောက်သာ ရှိသည်။ ၂ ယောက်တည်း ရှိသောကြောင့် သင်္ဘောသား၏ တစ်နေ့တာ ဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့် တာဝန်ယူရသည်။ ကပ္ပတိန်အလှည့်တွင် သင်္ဘောသား အရက်မူးသောကြောင့် ‘ယနေ့ သင်္ဘောသား အရက်မူးသည်’ ဟုရေးလိုက်သည်။ သင်္ဘေသား အရက်မူးပြေသောအခါ ‘ကျွန်တော် အရက်တစ်ခါပဲ သောက်မိတဲ့အတွက် အရက်သမား အဖြစ်မခံနိုင်ပါ။ အဲဒီ မှတ်ချက်ကို ပြန်ဖျက်ပေးပါ’ ဟုပြောသောအခါ ကပ္ပတိန်က ‘အမှန်ကို အမှန်အတိုင်း ရေးတာကွ’ ဟုဆိုကာ ဖျက်မပေးဘဲ နေသည်။ သင်္ဘောသား စိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသား အလှည့်ကျသောအခါ အမှန်အတိုင်း ဤသို့ရေးလိုက်သည်။ “ယနေ့ ကပ္ပတိန် အရက်မမူးပါ”
တော်လွန်းလို့
မင်းအမျိုးသားက အရင်က စာဖိုမှူးဆို။
အင်း
ဟင်းတွေ အမျိုးမျိုး ချက်တတ်မှာပေါ့။
ချက်တတ်တာပေါ့ကွာ။ မီးဖိုချောင် သူပဲ ဝင်တာ။ ချက်တာကလည်း မြန်မှမြန်။
တစ်နေ့နဲ့ တစ်နေ့ အရသာချင်း မတူအောင် အမျိုးမျိုးချက်တာ။
ပြောစမ်းပါဦး။ ဘာဟင်းတွေ ချက်တာလဲ။
ကန်စွန်းရွက်ချည်းပဲ အမျိုးမျိုးချက်နေတာ ၃ လ ရှိပြီ။
အဖြစ်မှန်
မင်းက မိန်းမရှာကျွေးတာ စားနေတာဆို။
ဟာ မဟုတ်တာ သူကငွေပဲရှာတာ ပါကွာ။
ငါ့ဟာငါ ချက်စားတာပါ။
သူတောင် ငါကျွေးတာ စားနေရတာပါ။.....
 http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3143545မြန်မာချစ်သူဆိုက်မှ
>>>ဆက်ဖတ်ရန်>>> >>

မိန်းကလေးများ စိတ်ဝင်စားနိုင်ဖွယ် ရှိသော ယောင်္ကျားများ

)

၁။ ကိုယ်ပိုင် အရည်ချုင်းရှိပြီး ကိုယ့်ချစ်သူအပေါ် သစွာရှိတတ်သော ယောင်္ကျား။

၂။ အရက်သောက် ကွမ်းစား ဆေးလိပ်သောက်တတ်ပေမဲ့  ဘယ်သူ့ ကိုမှ ရန်မရှာပဲ
ကိုယ့်ကိုယ့် အေးဆဲနေတတ်တဲ့ ယောင်္ကျား။

၃။ အရက်မသောက် ကွမ်းမစား ဆေးလိပ်မသောက်ပဲ့ ရိုးရိုးလေး နေတတ်တဲ့ ယောင်္ကျား။

၎။ စကားပြောပြီး အလုပ်ကို လက်တွေ့ လုပ်တတ်သောယောင်္ကျား။

၅။ ကိုယ့်ချစ်သူက တစ်ခြားယောင်္ကျားလေးတစ်ယောက်နဲ့ အတူသွားနေတာကိုတွေ့ ပေမဲ
့ အထင်မလွဲ့ ပဲ့ နားလည်မှုရှိတဲ့ ယောင်္ကျား။

၆။ ဆင်းရဲ့ ပေမဲ့ ရိုးသားကြိုးစားပြီး ဘယ်သူ့ ကိုမှအပြစ်မမြင်တတ်သော ယောင်္ကျား။

၇။ စိတ်သဘောထားကောင်းပြီး သူများကို ကူညီတတ်သော ယောင်္ကျား။

၈။ မကောင်းတဲ့ မိန်းကလေးတွေကိုရော ကောင်းတဲ့ မိန်းကလေးတွေကိုရော
အထင်မသေးပဲ့ ကြည့်ဖြူစွာနဲ့ ဆက်ဆံပြောဆိုတတ်တဲ့ ယောင်္ကျား။

၉။ ရုပ်ဆိုးရုပ်လှတာကို မရွေးပဲ့ အချစ်စစ်နဲ့ တစ်ယောက်တည်းသောချစ်သူကို
ချစ်တတ်သော ယောင်္ကျား။

၁၀။ ပညာမတတ် ရုပ်မဖြောင့်ပေမဲ့ အသိညဏ်ရှိပြီး ရည်းမှန်းချက်ကို
အောင်မြင်အောင် လုပ်နိုင်တဲ့ ယောင်္ကျား။

၁၁။ မိဘ စကားနားထောင်ပြီး ကိုယ့်ချစ်သူ ပြောတဲ့ စကားတွေကိုလည်း
နားထောင်တတ်တဲ့ ယောင်္ကျား။

၁၂။ မိန်းကလေးတွေကို စိတ် နဲ့ မပြစ်မှားတတ်တဲ့ ယောင်္ကျား။

၁၃။ အမှန်တရားကို ရင်ဆိုင်ရဲ့ ပြီး အမြင်မတော်တာကို ကူညီတတ်တဲ့ ယောင်္ကျား။

၁၄။ ရည်းစားတွေ အများကြီးထားခဲပေမဲ့  မိန်းကလေးတွေ ဘ၀ကို နစ်နာအောင်
မဖျက်စီးတတ်သေားယောင်္ကျား။

၁၅။ အပျော် အပါး မလိုက်စားတတ်သော ယေင်္ကျား။

၁၆။ အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ရေးကို လွယ်လွယ် နဲ့ တည်ဆောက်လို
့မရဘူးဆိုတာ သိတတ်တဲ့ ယောင်္ကျား။

၁၇။ ချစ်သူ နဲ့ ဘာပဲစားစား ဘာပဲဝယ်ဝယ် ကိုယ့်ဆီက ပိုက်ဆံကို ထုတ်ပြီး
ကျသလောက်ကို ရှင်းတတ်တဲ့ ယောင်္ကျား။

၁၈။ သူတစ်ပါးဆီက ပေးတဲ့ အခွင့်ရေးကို မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို ရုန်ကန်
နိုင်တဲ့ ယောင်္ကျား။

၁၉။ မိဘတွေ ပိုက်ဆံချမ်းသာံပေမဲ့ အလွယ်တကူ မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို
ပိုက်ဆံရှာနိုင်တတ်တဲ့ ယောင်္ကျား။

၂၀။ ကိုယ့်ကိုယ့်ကို စည်းကမ်းရှိပြီး သန့် သန့် ရပ်ရပ် နေတတ်တဲ့ ယောင်္ကျား။

၂၁။ စိတ်သဘောထားကောင်းပြီး ဘယ်သူ့ ကို မဆို အပြုးမပျက် ဆက်ဆံတတ်တဲ့ ယောင်္ကျား။

၂၂။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်ဓါတ်မကျပဲ့ အောင်မြင်မှု့ ကို
ရအောင်ယူတတ်တဲ့ ယောင်္ကျား။

၂၃။ အမှန်ကိုပြောတတ်ပြီး အမှန်တိုင်းလုပ်တတ်တဲ့ ယောင်္ကျား။

၂၄။ မိန်းမ ယူပြီးသောတဲ့ အခါ မိန်းမ လုပ်ရမဲ့ အလုပ်တွေကိုလည်း အားတဲ့ အခါ
ကူပြီး လုပ်ပေးတတ်တဲ့ ယောင်္ကျား။

၂၅။ မိန်းကလေးတွေ အပေါ် ရိုင်းစိုင်းယုတ်မာတဲ့ စကားတွေကို မပြောတတ်တဲ့ ယောင်္ကျား။

၂၆။ ကိုယ်ချစ်တဲ့ မိန်းကလေးအပေါ် အနစ်နှာခံပြီး အသက်ကိုပေးဆပ်ရဲ့ တဲ့ ယောင်္ကျား။

၂၇။ လွယ်လွယ်နဲ့ အပြစ်မတင်ပဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောတတ်တဲ့ ယောင်္ကျား။

၂၈။ ချစ်သူနဲ့ ချိန်းတွေ့ တဲ့အခါ ချစ်သူရဲ့ လက်နဲ့ ပခုံးက လွဲ့ ပြီး
ကျန်တာတွေကို မကိုင်တတ်တဲ့ ယေင်္ကျား။

၂၉။ မိန်းကလေးတွေ အထင်မသေးအောင် နေတတ်တဲ့ ယောင်္ကျား။

၃၀။ ဘယ်မိန်းကလေးတွေမဆို အစ်ကိုကို့ ချစ်တယ်လို့ ပြောလာတဲ့ အခါ
အခွင့်ရေးမယူပဲ့ ငါ့ မှာ ချစ်သူရှိတယ်လို့ ပြောတတ်တဲ့ ယောင်္ကျား။
မမသူဇာအောင်.........ပေးပို့သော mail မှတဆင့်ကူးယူဖော်ပြပါသည်
>>>ဆက်ဖတ်ရန်>>> >>

ဖတ်၇ှူစ၇ာစာအုပ်ကောင်းလေးများ......

INTERESTING STORIES BOOKS & LINKS

>>>ဆက်ဖတ်ရန်>>> >>

၆ ကလား

ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊
အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊
ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။
သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။
ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။
“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။
ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။
“ဆရာတို့ ၆ ကလား”တဲ့ ။
ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။
“အေး ၆ က ပဲ”
အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။  မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။
ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -
“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။
ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။
စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။
ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။
ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။
“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။
“ရေနံချောင်း ချောက်ကပါ”လို့  မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။
အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။
“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။
ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။
“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။
စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က  စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။
“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”
အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -
“လာပြန်ပြီလား ဒီ ၆ ”တဲ့။
ဧရာဝတီ ကပါ
>>>ဆက်ဖတ်ရန်>>> >>

လွတ်ကုန်ြပီ

နှလုံးဟာဒယ ရွှင်ပြနိုင်ကြပါစေ။
အင်းစိန် သီးသန့်ထောင်မှာနေတုန်းက အဖြစ်အပျက်တခုပါ၊ အဲဒီမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်း တယောက် က ကျနော်တို့ ၁ တိုက်မှာ တာဝန်လာကျပါတယ်၊ ရောက်စဆိုတော့ တယောက်နဲ့ တယောက် စိမ်းနေကြတာပေါ့။
၂ ရက် ၃ ရက်လောက်နေတော့၊ ကျနော့်အခန်းရှေ့ကိုလာပြီး အဲဒီဝန်ထမ်းက စကားလာပြောတယ်။
အဲဒီတော့ ကျနော်က နာမည်ဘယ်လိုခေါ်သလဲဆိုတော့“လေလွင့်”တဲ့။ ကျနော်က မဟုတ်ဘူး၊ နာမည်အရင်း ကိုမေးတာ ဆိုတော့ အမေပေးကတည်းက လေလွင့်ပဲတဲ့။ မှတ်ပုံတင်ထုတ်ပြတယ်။ မောင်လေလွင့်။ ၀န်ထမ်း ကတ်ထုတ်ပြတယ်။ တပ်သားလေလွင့်။
မြတ်စွာဘုရား ဘယ်လိုမိဘတွေကပဲ ပေးထားတဲ့နာမည်လည်းမသိ။
လေလွင့်ဟာ လေလွင့်ဆိုတဲ့နာမည်နဲ့တော့ တော်တော်လိုက်တယ်။ အဆောင်တဆောင်မှာ ၁၅ ရက်ထက် ပိုပြီး တာဝန် မထမ်းဆောင်ရဘူး။ ပြဿနာတခုခုတက်ပြီး အဆောင်ပြောင်းအပြစ်ပေး ခံရတာပဲ။
ဘာပြဿနာရှာသလဲ မမေးနဲ့ မနက်မိုးလင်းကနေ မိုးချုပ်အထိ တချိန်လုံးမူးနေတယ်။ သူမူးလာရင် အမြဲတမ်းဆို နေကျ သီချင်း တပုဒ်ရှိတယ်။ “ကျောက်တူးသမား” သီချင်းကို ဖျက်ဆိုထားတဲ့ သီချင်း။
“ဟိုတိုက်မရရင် ဒီတိုက်…၊ ဟိုအခန်းမရ ရင် ဒီအခန်း…၊ အခန်းပေါင်း တထောင် စုံအောင်တောင်းမယ့် ၀န်ထမ်းလေးတွေပါ…”
အကျဉ်းဦ်းစီးဝန်ထမ်းတွေဟာ ကျနော်တို့ထောင်ကျတွေဆီက ထမင်းစားဖို့ ငါးပိကြော်၊ ငါးခြောက်ကြော် အဲဒါမျိုး တွေ လိုက်တောင်းတာကို အဓိပ္ပာယ်ရတဲ့ အဲဒီသီချင်းကို အမြဲတမ်း ဆိုနေတတ်တယ်။
ဆိုတာကလည်း တိုးတိုးလေးမဟုတ်ဘူး။ တတိုက်လုံးကြားအောင် အော်ဆိုနေတာ။ တရက် သူ ညပိုင်း ဂျုတီ ကျ လို့ ညနေ ၆ နာရီလောက် ထောင်ထဲကို ၀င်လာတယ်။ အဲဒီနေ့က သူတော်တော် မူးလာတယ်။ ထုံးစံအတိုင်း သူ ဆိုနေကျ သီချင်းနဲ့ပဲ၊ ၀င်လာပြီး ကျနော့်အခန်းဆီကို တန်းလာတယ်။ ကျနော့်ကိုတော့ သူတော်တော်ခင်တယ်။
အခန်းရှေ့ရောက်တော့ သူ့အိတ်ကပ်ထဲက လန်ဒန် ဆေးလိပ်၂ လိပ်ထုတ်ပေးတယ်။ ပြီးတော့ ဘာပြောသလဲ ဆိုတော့ “ငါးသလောက် ဟင်းလေး ဘာလေး မစားချင်ဘူးလား” တဲ့။
ကျနော်ကလည်း“ဘယ်လိုပြောလိုက်တာလဲ ကိုလေလွင့်ရယ်၊ ထောင်ထဲမှာ ၃နှစ်ကျော်နေပြီ စားချင်တာပေါ့ဗျာ” လို့ ပြောလိုက်တယ်ဆိုရင်ပဲ၊ သူ့ရဲ့ညာဘက်ဘောင်းဘီအိတ်ထဲကို လက်နှိုက်ပြီး ဆွဲထုတ်လိုက်တဲ့အခါ တတောင် လောက်ရှိတဲ့ ငါးသလောက်ကြီးတကောင်။
“အဲဒါကို ဟင်းချက်လိုက် ထောင်မှူးမိရင် ကျနော်ချက်ခိုင်းတာလို့ပြော”ဆိုပြီး သူ ထွက်သွားတယ်။
ထောင်ထဲမှာက မီးမွှေးခွင့်မရှိဘူး။ မီးမွှေးတာမိရင် ဒေါက်ခြေချင်းခတ် ပြစ်ဒါဏ်ပဲ။ အဲဒါကြောင့် လေလွင့်က သူချက်ခိုင်းတာလို့ ပြောခိုင်းတာ။ အဲဒီလို လေလွင့်။
ဒီလိုနဲ့ ည ၈ နာရီလောက် သူပြန်ရောက်လာတော့၊ သူတော်တော်မူးနေပြီ။ ခြေလှမ်းတောင် သိပ်မမှန်တော့ဘူး။
“ကျနော် ထမင်းမစားနိုင်တော့ဘူး။ အရမ်းမူးနေပြီ”ဆိုပြီး ကျနော့်အခန်းရှေ့မှာတင် သူထိုင်ရက်ကြီး အိပ်ပျော် သွားတယ်။
ဒီလိုနဲ့ ည ၁ နာရီလောက် ရှိမယ်ထင်တယ်။ ကျနော်တို့ ရှေ့၂ တိုက်ကို အော်မေးသံကြားရတယ်။
“၂ တိုက်ဝန်ထမ်း သတင်းပို့”
“၂ တိုက် အကျဉ်းသားဦးရေ ၆၀ အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး”
ကျနော်လည်း ခေါင်းကြီးသွားတယ်။ ထောင်ပိုင်ကြီးကိုယ်တိုင် ရှောင်တခင် ၀င်စစ်နေတာ။ ထောင်မှာက သတင်း ပို့ ဆိုရင် တာဝန်ကျတဲ့ဝန်ထမ်းက “အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး” ဆိုပြီး ပြန်အော်ရတယ်။
အဲဒါနဲ့ “ကိုလေလွင့် ကိုလေလွင့် ထ ထ ထောင်ပိုင်ကြီးကိုယ်တိုင် ၀င်စစ်နေတယ်”လို့နှိုးပေမယ့် လေလွင့်ကတော့ တအီအီလုပ်နေတုန်းပဲ။
ကျနော်ကလည်း သူ့ကျောကို အတင်းတွန်းရင်း “ဟေ့လူ ထ ထ ပြဿနာတက် တော့မယ်”လို့ ပြောနေတုန်းမှာပဲ ထောင်ပိုင်ကြီးဆီက အသံထွက်လာတယ်။
“၁ တိုက်ဝန်ထမ်း သတင်းပို့”
တထောင်လုံးအပ်ကျသံတောင် မကြားရ ဘူး။ လေလွင့်ကလည်း မနိုးဘူး။
ထောင်ပိုင်ကြီးဆီက နောက်ထပ် အသံထွက်လာတယ်။
“ဟေ့ ၁ တိုက်က ခွေးမသားဝန်ထမ်း အိပ်နေသလား သတင်းပို့”လို့ အော်သံအပြီးမှာတော့။
လေလွင့်လည်း ရုတ်တရက် နိုးလာပြီး အလန့်တကြားနဲ့ -
“ ၁ တိုက် အကျဉ်းသားဦးရေ ၇၅ ယောက်၊ အားလုံးလွတ်ကုန်ပြီ ထောင်ပိုင်ကြီး”လို့
အကျယ်ကြီး ထအော်လိုက်ပါတော့တယ်။  ။
ထက်ရာဇာ  ဧ၇ာဝတိမှ
>>>ဆက်ဖတ်ရန်>>> >>

(၁)ရှက်လို့

(၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာ
သည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။  သူငယ်ချင်းတစ်ယေက်ဆီကပါ...........