Wednesday, 23 November 2011

ဒီဇင်ဘာ လက်ဆောင်

chanlon
ဒီဇင်ဘာ လက်ဆောင် ကွန်ပျူတာ Desktop မှာ နှင်းတွေကျတဲ့ ဆော်ဝဲလ်လေးပါ
နှင်းကျတာကြည့်ပြီ လွမ်းလို့ပိုကောင်းတယ်ပေါ.....
http://ifile.it/w34fqrs/Snow1.01 chanlon.7z
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်မှာ ဖုန်းတွေနဲ့ အင်တာနက်သုံးနည်း

ခတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေးက ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှလိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
ဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။
အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။
ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက်ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။
PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။
အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။
ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံပြီးရေးပါသည်။
ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိလိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။
PS.....http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef... မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Monday, 21 November 2011

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်

ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

အရင်ဆုံး ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..
အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့  OK ပေးလိုက်ယုံပါပဲ..
နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့် အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် .. ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့ Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..
အောက်ကပုံမှာ ကျွန်တော် Sound Type လေးတွေကို မျဉ်းအနီနဲ့  ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ .. မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ  SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
နောက်တစ်ချက်  Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ.. 
အောက်ကပုံအတိုင်း  Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့ အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ..  အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် .. အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့  Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ  SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..

အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့  Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချလိုက်ပါ..

Download Ifile.itDownload  MediafireDownload  Multiupload
>>>ဆက်ဖတ်ရန်>>> >>

သိထားသင့်တဲ့ ကွန်ပျူတာဆိုင်ရာ အခြေခံအချက်အလက်များ

ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 

ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူတာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူတာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 

ဒီနေ့ကျွန်တော် ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 

အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..
အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 123 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..

နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို နံပါတ် ( ၁ ) မှာကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက်မှာ တင်ထားတာက Windows 7 Ultimate ပါ..

နံပါတ် ( ၂ ) မှာတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 
Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core i5 650 ဖြစ်ပါတယ် .. Processor Speed ကတော့ 3.20 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ Cpu ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 3.20 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 3.20 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် .. 

Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 4 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 
ဒီကောင်လေး အကြောင်းကိုတော့ ကျွန်တော်တစ်ခါ ရေးပေးထားဖူးပါတယ် .. အခုတစ်ခါထဲ တစ်စုတစ်စည်း တည်းဖြစ်အောင် ရေးပေးလိုက်တာပါ .. System Type ကဘာကို ပြတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ရေးပေးထားမှာ ဖြစ်ပါတယ် .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..

ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Core i-5 , Processor Speed က 3.20 GHzMemory က 4 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် .. ကဲပြီးရင် ဆက်ပြီးတော့ သွားလိုက်ရအောင်ဗျာ . .
အပေါ်ကပုံမှာ ပြထားသလို Rating ဆိုပြီး 5.9 Windows Experence Index ဆိုပြီး တွေ့ပါလိမ်မယ်  .. အဲ့ဒီနေရမှာ Rating ဆိုတာ မိမိတိုကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေရဲ့ စွမ်းဆောင် နိုင်တဲ့ ပမာဏကို အနည်းဆုံး ဖော်ပြပေးထားတာဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ချက်သိထားဖို့ လိုတာက Windows တင်ပြီးပြီးချင်မှာ Rating ကိုတစ်ချက်သွားပြီး ကြည့်လိုက်ပါ .. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Windwos တင်ပြီးပြီ ဆိုတာနဲ့ Windows Experience Index ကို Rating လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ် .. 

ကျွန်တော် အပေါ်က ပုံမှာပြထားသလို Windows Experence Index ကို Click လိုက်ပါ .. 
အပေါ်ကပုံမှာ ပြထားသလို ပေါ်လာပြီဆိုရင်တော့ Windows Expersion Index ကိုတစ်ချက်လောက် လေ့လာ ကြည့်ရအောင်ဗျာ .. Windows Expersion Index ဆိုတာကတော့ မိမိတို့  အပေါ်မှာ ပြောခဲ့သလိုပဲ မိမိတို့ ကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေနဲ့ စွမ်းဆောင်နိုင်တဲ့ ပမာဏတွေကို တိုင်းတာပြီးတော့ အနိမ့်ဆုံး ပမာဏ တစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ် .. ဒီကောင်လေးကို ကြည့်ပြီး ဘာကိုသိနိုင်လည်း ဆိုတော့ Base score များတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ မြင့်နေမှာဖြစ်ပြီး Base Score နည်းလာတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျသွားမှာဖြစ်ပါတယ် .. 

ဥပမာ။ ။ Base score ဟာ 4 ဒါမှမဟုတ် 5 အထက်ရထားမယ်ဆိုရင် Windows 7 ကိုသုံးနေတယ် ဆိုရင် Windows 7 မှာပါဝင်တဲ့ Feature တွေကို အပြည့်အ၀ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. 

ဒါကြောင့် Base Score ဟာ 3 နဲ့ 3 အထက် ( 4 , 5 .. ) ရှိနေဖို့လိုပြီး 3 အောက်ရောက်နေပြီ ဆိုရင်တော့ နိမ့်နေတဲ့ Hardware ကြည့်ပြီး မြှင့်ပေးဖို့လိုပါလိမ့်မယ် .. 

ဥပမာ ။ ။ Windows Expersion Index မှာပြထားတဲ့ Base Score က 2.7 လောက်ဖြစ်နေတယ် ကျန်တာတွေ အကုန်လုံးက 4 ကျော် 5 ကျော်နေပြီးတော့ Rum တစ်ခုထဲက 2.7 ဖြစ်နေတယ်ဆိုရင် Rum ကိုထပ်တိုးပေးဖို့ လိုပါလိမ့်မယ် ..  

တကယ်လို့ Rum ကိုထပ်ပြီး မတိုးချင်ဘူးဆိုရင်တော့ အခုသုံးနေတဲ့ Windows ကိုမသုံးသင့်ပဲ အခုသုံးနေတဲ့ Windows ထက်နိမ့်တဲ့ Windows မျိုးကိုသာ အသုံးပြုသင့်ပါတယ် .. တကယ်လို့ Base Score က 3 အောက်လည်း ရောက်နေတယ် ဒီတိုင်းလည်း ပေသုံးနေတယ် ဆိုရင်တော့ စက်မှာ ကြာရင် Error တွေ တစ်ခုမဟုတ်တစ်ခု တက်လာပါလိမ့်မယ် .. 

နောက်တစ်ခုက Windows Expersion Index ကဘာ အသုံးဝင်သေးလည်း ဆိုတော့ မိမိတို့ ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာ စက်ကို သုံးရတာ အားမရလို့ Hardware ပိုင်း တစ်ခုခုကို Update လုပ်ပေးချင်တယ်ဆိုရင် Windows Expersion Index မှာရှိတဲ့ Base score ကိုကြည့်ပြီး အနိမ့်ဆုံး ကောင်လေးကို သာရွေးပြီး Update လုပ်ပေးလိုက်ယုံပါပဲ .. 

ဥပမာ ။ ။ မိမိတို့စက်မှာ Graphic Card က 512 MB စိုက်ထားပါတယ် .. စက်က သုံးရတာ အားမရလို့ တစ်ခုခုကို Update ထပ်လုပ်ချင်တယ်ဆိုရင် Windows Expersion Index မှာကြည့်လိုက်တော့ Graphic Card က Basic score ကအနည်းဆုံးဖြစ်နေပါတယ် .. ဒါဆိုရင် ကျွန်တော်တို့က Graphic Card ကို 512 MB အစား 1024 MB ( 1 GB ) ကိုပြောင်းပြီး စိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. ဒီလောက်ဆိုရင်တော့ Windows Expersion Index နဲ့ပါတ်သတ်ပြီး သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. 

နောက်တစ်ချက်ကတော့ Mother Board အမျိုးအစားတွေ Hard Disk Space တွေကို ဘယ်လိုသိနိုင်မလည်း ဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ် .. ဒါတွေကို မရှင်းပြခင် အောက်မှာ Bits , Bytes ရေတွက်ပုံကို ရေးပြပေးထားပါတယ် ..

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte   ဆိုတာကိုတော့ သိထားဖို့လိုပါတယ် .

ဒီနေရာမှာ Unit တွေကို အတိုကောက် အသုံးပြုတာနဲ့ ပါတ်သတ်ပြီး ဘယ်လိုခေါ်ဝေါ်ရမယ် ဆိုတာကိုတော့ သိထားသင့်ပါတယ် .. Bits ကိုအတိုကောက်ရေး တဲ့အခါကျရင် အသေးစားလုံး b လို့ရေးရမှာဖြစ်ပါတယ် .. 

ဥပမာ ။  ။ 1 Gegabps   = 1 Gega Bit Per Second ဖြစ်ပါတယ် .. 

ဒီနေရာမှာ Byte ကိုအတိုကောက် ရေးမယ် ဆိုရင်တော့ အကြီးစာလုံး B နဲ့ရေးရမှာ ဖြစ်ပါတယ် .. 

ဥပမာ ။ ။ 1 GB = 1 Gega Byte ဖြစ်ပါတယ် .. ဒီလောက်ဆိုရင် Bit နဲ့ Byte ကွဲပြားပုံနဲ့ ပါတ်သတ်ပြီး သဘောပေါက်သွားမယ်ထင်ပါတယ် .. 

ကဲအပေါ်ကအပိုင်းကို ပြန်ဆက်ရအောင်ဗျာ .. အပေါ်မှာပြထားသလို Windows Expersion Index ကိုရောက်ပြီဆိုရင် အောက်ကပုံမှာပြထားသလို ဆက်ပြီးသွားလိုက်ပါ .. 

အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့  System မှာကြည့်လိုက်ပါ .. မိမိတို့ ကွန်ပျူတာရဲ့ Matherboard အမျိုးအစားတွေ Model တွေကို တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒီမှာ ကြည့်လိုက်ပါ ကျွန်တော့်စက်ရဲ့ Mother က Gigabyte ဖြစ်ပြီး Mother Model ကတော့ P55-US3L ဖြစ်ပါတယ် .. System Type ကတော့ 64 Bits Operation System ဖြစ်ပါတယ် .. တကယ်လို့သာ System Types နေရာမှာ 32 Bits Operation System လို့ဖော်ပြနေမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ 64 Bits ရှိတဲ့ Windows တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး .. ဒီနေရာမှာတစ်ခု သိထားရမှာက 32 Bits နဲ့ 64 Bits ခွဲခြားတုန်းက ကြည့်တာနဲ့မတူပါဘူး အဲ့ဒီတုန်းက ဖော်ပြတာက မိမိတို့စက်မပေါ်မှာ တင်ထားတဲ့ Windows Oparating System ပါ .. အခုဒီကောင်မှာ ဖော်ပြထားတာက မိမိတို့ ကွန်ပျူတာမှာ အသုံးပြုခွင့်ရှိတဲ့ Windows Operating System ဖြစ်ပါတယ်..
နောက်တစ်ချက် Storage ကိုကြည့်လိုက်ပါ .. အဲ့ဒါကတော့ မိမိတို့ ကွန်ပျူတာရဲ့ Hard Disk ကိုဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော့် Hard Disk က 500 GB ဖြစ်ပါတယ် .. ဒါပေမယ့် System Partation အတွက် 34 GB ပေးလိုက်ရတဲ့အတွက် 466 GB ပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒါဆိုရင် Hard Disk က ဘယ်လောက်လည်း သိချင်တယ်ဆိုရင် Storage အောက်က Total Size Of Hard Disk ကိုကြည့်လိုက်ရင် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 
နောက်တစ်ချက်ကတော့ Graphic Card ဖြစ်ပါတယ် .. Graphic ကိုဖော်ပြတဲ့အခါမှာ ကြည့်လိုက်ပါ ..Display adapter type ဆိုတာကတော့ မိမိတို့ ၀ယ်ယူထားတဲ့ Graphic ရဲ့ အမျိုးအစားပါ .. နောက်တစ်ခု Total available graphic memory ဆိုတာကတော့ မိမိတို့ကွန်ပျူတာမှာ Graphic Card အများဆုံး စိုက်လို့ ရတဲ့ ပမာဏကို ဖော်ပြပေးထားတာဖြစ်ပါတယ် .. 2781 MB ဆိုတော့ အပေါ်မှာ Unit ရေးတွက်ပုံတွေ ဖော်ပြထားသလို စဉ်းစားလိုက်ရင် 1 GB မှာ 1024 MB ဆိုတော့ 2 GB ကျော်လောက်စိုက်လို့ရပါတယ် .. Dedicate Graphic Memory ကတော့ လက်ရှိသုံးနေတဲ့ Graphic Card ရဲ့ Memory ပါ .. 1024 MB ဆိုတော့ GB နဲ့ပြန်တွက်ရင် 1 GB  ဖြစ်ပါတယ် .. ဒါဆိုရင် အများ ဆုံးပမာဏနဲ့ဆိုရင် ကွန်ပျူတာမှာ နောက်ထပ် Graphic Card 1 GB လောက်ထပ်စိုက်လို့ ရပါသေးတယ် . ဒီလောက်ဆိုရင်တော့ Graphic Card ကိုဘယ်လိုကြည့်ရမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး သိသွားပြီလို့ထင်ပါတယ် .. 
အောက်ဆုံးက Network အောက်မှာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Network အမျိုးအစားတွေရဲ့ Adapter တွေကို ဖော်ပြေပေး ထားတာ ဖြစ်ပါတယ် ..
ဒီလောက်ဆိုရင်တော့ ကွန်ပျူတာ မှာအခြေခံ အနေနဲ့ သိသင့်သိထိုက် တာလေးတွေကို သိသွားပြီလို့ ထင်ပါတယ် .. 
ဒီပို့်စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလော့ချပါ .. 

>>>ဆက်ဖတ်ရန်>>> >>

Hardware Installation ( မြန်မာပြန် ရှင်းလင်းချက် )

ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို Hardware ပိုင်းလေ့လာနေတဲ့သူများအတွက် အသုံးဝင်တဲ့ Tutorial လေးကို ပြန်ပြီးတော့ မျှဝေပေးပါမယ်.. ကျွန်တော်တို့ Hardware ကိုစတင်လေ့လာ နေတဲ့သူတွေ အတွက်တော့ အခုတင်ပေးလိုက်တဲ့ Tutorial လေးကအထောက်အကူပြု မှာအမှန်ပါပဲ .. ရှင်းပြပေးထားတဲ့သူရဲ့ စေတနာကိုလဲ လေးစားဖို့ကောင်းပါတယ်.. စာရေးထားတာမဟုတ်ပဲ Video File နဲ့ရှင်းပြပေးထားတာ ဖြစ်တဲ့အတွက် စာဖတ်ပျင်းပါတယ် ဆိုတဲ့သူတွေ အတွက်လဲ အထောက်အကူ ပြုမှာအမှန်ပါပဲ.. မိမိတို့က Hardware ပိုင်းကို ဘာမှမသိဘူးဆိုရင်တောင် သူရှင်းပြထား တာလေးတွေကို လိုက်ကြည့်ရင်းနဲ့ကို Motherboard ဆိုဘာကိုခေါ်တာလဲ ၊ CPU ဆိုတာဘာကို ပြောတာလဲဆို တာသိသွားပါလိမ့်မယ်.. အားလုံးကို အလွယ်တကူ လေ့လာနိုင်စေဖို့  ရည်ရွယ်ချက်နဲ့ ပြန်ပြီးမျှပေးတာပါ.. မိမိတို့ဆီ မှာအခုတင်ပေးလိုက်တဲ့ Tutorial Video တွေမရှိသေးဘူး ဆိုရင်တော့ ဒေါင်းလော့သာ ချထားလိုက်ပါ.. အရမ်းကပိုတန်ဖိုးရှိပါတယ်.. ကျွန်တော်ဒေါင်းလော့ ချရတာအဆင်ပြေအောင် ရှင်းပြပေးထားတဲ့ အပိုင်းတစ်ပိုင်းချင်းကို ခွဲပြီးတင်ပေးလိုက်ပါတယ်.. အားလုံးပေါင်း အပိုင်း ( ၁၀ ) ပိုင်းရှိပါတယ်..စိတ်ရှည်လက်ရှည် နဲ့သာဒေါင်းလော့ ချပြီးယူပေးပါ..အရမ်းကိုတန်ဖိုးရှိပါတယ်..
Download  From  Ifile.it
ကျွန်တော် Mutiupload မှာပါ တင်ပေးထားပါတယ်..နောက်ပိုင်းလင့်တွေ မသေအောင်ပါ.. အခုအောက်မှာ ပေးထားတဲ့ Mutiupload Link ကနေသွားလိုက်ရင် ဒီကောင်လေးကလင့်လင့်ထပ်ချိတ်ပေးထားပါတယ်.. မိမိတို့ကြိုက်တဲ့ လင့်တစ်လင့် ကနေဒေါင်းလော့ ချလိုက်ရင်ရပါပြီ.. လင့်တစ်လင့် သေသွားရင်တောင် နောက်ထပ်လင့်တွေ ကဒေါင်းလော့ချလို့ရအောင်ပါ..
>>>ဆက်ဖတ်ရန်>>> >>

Install Windows 7 on external usb hard disk ( Movie )

အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ စမ်းသပ်ချင်တဲ့ သူတွေအတွက်ပါ .. External Hard Disk သို့မဟုတ် USB Flash Drive ထဲမှာ Windows တင်တဲ့ နည်းလမ်းလေးပါ .. Tutorial Movie လေးပါ စမ်းကြည့်လိုက်ပေါ့ဗျာ .. ဟိုနေ့က Google မှာတွေ့လို့ စမ်းကြည့်မလို့ ဆိုပြီး ဒေါင်းလော့ချထားလိုက်တာ .. ကျွန်တော်လည်း မအားလို့ မစမ်းဖြစ်တာနဲ့ စမ်းချင်တဲ့ သူတွေရှိရင် အဆင်ပြေအောင် တင်ပေးလိုက်တာပါ .. စမ်းကြည့်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းသွားလိုက်ပါ ..

>>>ဆက်ဖတ်ရန်>>> >>

Sunday, 20 November 2011

skype မြန်မာဖောင့်ပြောင်းနည်း

ပထမဦဆုံး ဘာတန်းရဲ့အပေါ်က tools ကိုနှိပ်ပါ options ထပ်နှိပ်ပါ IM & SMS
ကိုထပ်နှိပ်ပါ ပြီတော့ IM appearance ကိုထပ်နှိပ်ပါ
change font ကိုထပ်နှိပ်ပါ Zaw gyi-one ကိုရွေးပြိ ok ပေါ....